Main menu

Background

စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အခြေခံအဆောက်အအုံလုပ်ငန်းကို တရုတ်က ရည်မှန်းချက်ထား

Wed, 05/30/2012 - 05:06 -- Anonymous (not verified)

    တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ထိန်း သိမ်းနိုင်မဲ့ မူဝါဒများကို ချမှတ် ဆောင် ရွက်ဖို့ ဝန်ကြီးချုပ်ဝမ်ကျားပေါင်က နှိုးဆော် တိုက်တွန်းထားပါတယ်။ ဒီ နှိုးဆော်ချက်နဲ့အညီ တရုတ်နိုင်ငံ စီးပွား ရေး တိုးတက်မှု နှေးကွေးနေတာကို တိုက်ဖျက်ဖို့အတွက် စီးပွားရေးအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအဆိုပြု ချက်တွေကိုတရုတ်နိုင်ငံက တင်ပြလျက် ရှိပါတယ်။ ဧပြီလမှာ ထုတ်ပြန်တဲ့ ကမ္ဘာ တွင် စီးပွားရေးအရ ဒုတိယအကြီးမား ဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးက တိုးတက်မှုနှေးကွေးနေတာ သုံးလပတ် ခြောက်ပ တ်မြောက်ခဲ့ပြီ ဖြစ်တဲ့အတွက် ယူရိုဇုန်မှာ စီးပွားရေးကျဆင်းနေတဲ့ အတွက် စိုးရိမ်နေရတဲ့ ကမ္ဘာ့ဈေးကွက် တွေအတွက် တပ်လှန့်သံပေးသလို ဖြစ် နေပါတယ်။    ကနဦးက ယခုနှစ်ကုန်မှာ ဆောင် ရွက်ဖို့ သတ်မှတ်ထားတဲ့ အဆိုပြုချက် တွေကို ဇွန်လကုန်မှာတင်ပြဖို့ အစိုးရက စီစဉ်နေကြောင်း China  Seurities    ဂျာနယ်မှာ ဖော်ပြထားပါတယ်။ စီးပွား ရေးကို တွန်းအားပေးနိုင်ဖို့ အတွက် အခြေခံ အဆောက်အအုံ ဆောက်လုပ် ရေး မှာ အရင်းအနှီး လုပ်မယ်လို့ယူဆ ရင် အစိုးရက နောင်နှစ်မှာ ပြုလုပ်မဲ့စီမံ ကိန်းတွေကိုရပ်ဆိုင်းထားမှာဖြစ်ကြောင်း အစိုးရသတင်းရပ်ကွက်များကို ကိုးကား ဖော်ပြထားပါတယ်။    ဒေသတွင်းရှိနိုင်ငံတွေက တရုတ် နိုင်ငံကို တင်ပို့တဲ့ပို့ကုန်အပေါ်မှာ မှီခို နေရတဲ့အတွက် တရုတ်စီးပွားရေး ဖွံ့ဖြိုး မှုကောင်းမွန်လာခြင်းကြောင့် ဒေသ တွင်းစီးပွားရေးအားလုံးကို အကျိုးဖြစ် ထွန်းစေလိမ့်မယ်လို့ ဟောင်ကောင် ရှိ ခရက်ဒစ်အဂရီကိုးဘဏ်မှ စီးပွားရေး ပညာရှင် ဒါရီးယပ် ကိုဝါဇစ်က ပြောပါ တယ်။Source.reuters.com