Main menu

Background

ဥရောပ အကျပ်အတည်းက ဗြိတိန်စီးပွားရေးကို ဂယက်ရိုက်နိုင်ကြောင်း အိုင်အမ်အက်ဖ်က သတိပေး

Wed, 05/30/2012 - 05:08 -- Anonymous (not verified)

    တစ်စစကြီးထွားနေတဲ့  ယူရိုဇုန် အကျပ်အတည်းက  ဗြိတိန်နိုင်ငံ စီး ပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး နာလန်ထူမှုဖြစ်စဉ်ကို ထိခိုက် စေနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ဗြိတိန် နိုင်ငံကို မေ ၂၂ ရက်က သတိ ပေးခဲ့ပါတယ်။ ယူရို ကြွေးမြီအကျပ် အတည်းမှ ကြီးမားတဲ့ စွန့်စား မှုတွေ ဖြစ်ပေါ်နေချိန်မှာ နိုင်ငံဖွံ့ဖြိုးမှုကို တိုး မြှင့်ပေးမဲ့ ပြင်းထန်တဲ့ ခြိုးခြံချွေတာရေး အစီအမံတွေရဲ့ အရှိန် လျှော့ချသွားဖို့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံ ကြောင်း ဗြိတိန်နိုင်ငံစီးပွားရေး နှစ်ပတ် လည် သုံးသပ်ချက်အစီရင်ခံစာနဲ့ ပတ် သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အိုင်မ်အက်ဖ် ညွှန်ကြားရေးမှူးချုပ် ခရစ်စတင်းလားဂတ်က ပြောပါ တယ်။    ဗြိတိန်နိုင်ငံမှာ ဆက်လက် ဖြစ် ပေါ်နေတဲ့ စီးပွာရေးအားနည်းမှုတွေကို ကြည့်ခြင်းအားဖြင့် အာဏာပိုင် တွေက လှည်ပတ် ငွေကြေးတိုးတက်အောင် ထပ်မံ ဆောင်ရွက်ဖို့လိုမယ်။ လိုအပ်ရင် အတိုးနှုန်းတွေကို လျှော့ချပေးဖို့ လို မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဘဏ်အတိုးနှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်းအောက် လျှော့ ချထားခြင်းကို အင်္ဂလန်ဗဟိုဘဏ်က ပြန်လည်လေ့လာဆန်းစစ်သင့်ကြောင်း အိုင်အမ်အက်ဖ်က ပြောပါတယ်။    စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပြီး အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချဖို့ အင်္ဂလန် ဗဟိုဘဏ်ကို တိုက်တွန်းပြီး ယူရိုဇုန်အကျပ်အတည်းက ဗြိတိန်နိုင်ငံ ရဲ့ စီးပွားရေးဆုတ်ကပ်ကို ရှည်ကြာသွား စေနိုင်တယ်လို့လည်း သတိပေး ထားပါ တယ်။ ကမ္ဘာပေါ်မှာ စီးပွားရေးအရ သတ္တမမြောက်အင်အားအကြီးမားဆုံး ဖြစ်တဲ့ ဗြိတိန်နိုင်ငံက စုစုပေါင်း ပြည် တွင်းထုတ်လုပ်မှု (ဂျီဒီပီ) သုံးလပတ် နှစ်ပတ် ဆက်တိုက် ကျဆင်းပြီးတဲ့ နောက် စီးပွားရေးဆုတ်ကပ်အတွင်းကို ကျရောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဂျီဒီပီက ၂၀၁၁ ခုနှစ် စတုတ္ထသုံးလပတ် က သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်း ခဲ့ပြီးနောက် ယခုနှစ်ပထမသုံးလပတ်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ ယူရိုဇုန်မှာ ဖြစ်ပေါ်နေတာ တွေအပြင် ဗြိတိန်နိုင်ငံ စီးပွားရေး ကျဆင်းနိုင်တဲ့ အခြားအကြောင်းတရား တွေရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။    စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက် နှေးကွေးနေဦးမယ်ဆိုရင် အခွန်တွေ ယာယီလျှော့ချဖို့နဲ့ အခြေခံအဆောက် အဦ  သုံးစွဲမှုတွေကို ပိုမိုဆောင်ရွက် ဖို့လိုတယ်လို့ ဆိုပါတယ်။Source.xinhua