အိန္ဒိယ စီးပွားရေးလုပ်ငန်းများရဲ့ ၂၀၁၂ အိုင်တီသုံးစွဲမှု ပိုမိုမြင့်တက်

    အစိုးရနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေရဲ့ ၂၀၁၂ ခုနှစ် အိုင်တီသုံးစွဲမှုက ၂၀၁၁ ခုနှစ်ကသုံးစွဲခဲ့တဲ့ ရူပီးဘီလီယံ ၁၆၄၀ ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ရူးပီးဘီလီယံ ၁၉၈၀ ထိရှိလာနိုင်တယ်လို့ နည်းပညာသုတေသနအေဂျင်စီ ဂတ်တနာက မေ ၂၂ ရက်က  ပြောပါတယ်။    အစိုးရရဲ့ သုံးစွဲမှုက ၂၀၁၁ ခုနှစ်မှာ ရူးပီး ၃၀၂ ဘီလီယံရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ရူးပီး ၃၄၉ ဘီလီယံထိ တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ကုန်ပစ္စည်းထုတ်လုပ်မှု သဘာဝသယံဇာတလုပ်ငန်းတွေရဲ့ သုံးစွဲမှုက လေ့လာ နေတဲ့ကာလအတွင်းမှာ ရူးပီး ၃၃၄ ဘီလီယံမှ ရူပီး ၃၈၆ ဘီလီယံထိ တိုးတက် လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အိုင်တီလုပ်ငန်းကုမ္ပဏီ တွေကလည်း တိုးတက်မှုတွေရှိနေပြီး ယေဘုယျအားဖြင့် ကမ္ဘာ့အဆင့်ကို တက်လှမ်းလာတဲ့ အိုင်တီကုမ္ပဏီတွေ တစစတိုးပွားလာကြောင်း ဂတ်တနာရဲ့ သုတေသနမှူး ဒါရီဖင်ကယ်ဒေးက ပြောပါတယ်။    အဖွဲ့အစည်းတွေက ကမ္ဘာ့အဆင့်ယှဉ်ပြိုင်နိုင်မှု အလေ့အကျင့်တွေကို ဆောင်ရွက်နေတဲ့အတွက် လောလောဆယ်မှာ Fortune  ၅၀၀ စာရင်းမှာ ပါဝင်တဲ့ အိန္ဒိယကုမ္ပဏီ ၂၅ ခုရှိနေပါတယ်။ ပညာရေးဘက်မှာ အစိုးရရင်းနှီး မြှုပ်နှံမှုက အိုင်စီတီဈေးကွက်ပညာပေးရေးလုပ်ငန်း တိုးတက်ဖို့အတွက် တွန်းအားပေးလျက်ရှိကြောင်း ဖင်ကယ်ဒေးက ပြောပါတယ်။Source.Southasianews.com