Main menu

Background

ဂရိကြွေးမြီအကျပ်အတည်း ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး အစီအစဉ်ကို ကိုရီးယားက ချမှတ်

Wed, 05/30/2012 - 05:09 -- Anonymous (not verified)

    တောင်ကိုရီးယားနိုင်ငံက အကျပ်အတည်း ကူးစက် ပြန့်ပွားမှု ကာကွယ်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး ဂရိ နိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေး အကျပ် အတည်းက တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးဖို့ ဆောင်ရွက်ကြောင်း ထိပ်တန်းစီးပွားရေး  မူဝါဒရေးဆွဲသူ တစ်ဦးက မေ ၂၁ ရက်က ပြောပါတယ်။ ဂရိနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ တောင်ကိုရီးယား စီးပွားရေးအပေါ်မှာ အဲဒီအကျိုးသက်ရောက်မှုတွေကို ကာကွယ်တားဆီးဖို့ အရေး တကြီးလိုအပ်နေ ပြီဖြစ်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေး ဝန်ကြီး ဘတ်ဂျေးဝန်က ဝန်ကြီးဌာနက အကြီးတန်းအရာရှိ တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။    ကိုရီးယားအစိုးရက လက်ရှိကူးစက်ပြန့်ပွားမှု တားဆီး ရေးစီမံကိန်းကို ပြန်လည်လေ့လာသုံးသပ်ပြီး ပေါ်ပေါက်လာ နိုင်တဲ့ ဖြစ်ပေါ်တိုးတက်မှု မှန်သမျှအတွက် ကြိုတင်ပြင်ဆင် ထားရပါမယ်လို့ သူက ပြောပါတယ်။    ယခုလစောစောပိုင်း ရွေးကောက်ပွဲက ရရှိလာတဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်ဆန့်ကျင်မှုရလဒ်နဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မအောင်မြင်မှုစတာတွေက နိုင်ငံရေးအရ မရေ ရာမှုအခြေအနေတွေကို တိုးပွားစေပြီး ဂရိနိုင်ငံက ယူရိုဇုန် ကိုစွန့်ခွာမလားဆိုတဲ့ စိုးရိမ်မှုကို မြင့်မားလာစေခဲ့ပါတယ်။ အေသင်မြို့တော်မှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခများက အိမ်နီးချင်း နိုင်ငံများသို့ ဖိတ်လျှံအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာ့တစ်လွှားရှိစတော့ ဈေးကွက်များကို ပြိုကွဲသွားစေခဲ့ပါ တယ်။    လာမဲ့သီတင်းပတ်တွေမှာ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မူဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တို့နဲ့ပြု လုပ်မဲ့နှစ်ပတ်လည် ပုံမှန်အစည်းအဝေးတွေမှာလည်း ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအခြေခံတွေကို အသေး စိတ်ရှင်း လင်းတင်ပြဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးကပြောပါတယ်။    တောင်ကိုရီးယားရဲ့ ယခုနှစ်စီးပွားရေးတိုးတက်မှုက ၃ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။Source.Yonhap News. Korea Cheeking  Greek Crisis Contingeney Plans.