Main menu

Background

ဂျပန်ဗဟိုဘဏ်က မူဝါဒလျှော့ချမှုများကို ဆက်လက်ဆောင်ရွက်

Wed, 05/30/2012 - 05:13 -- Anonymous (not verified)

    မေ ၂၃ ရက်မှာ ဂျပန်ဗဟိုဘဏ်က သူရဲ့ငွေကြေး မူဝါဒကို ပုံမှန်အတိုင်း မပြောင်းမလဲဘဲဆက်လက်ထား ရှိခဲ့ပါတယ်။ အားလုံးမျှော်လင့်ထားသည့်အတိုင်း ဗဟိုဘဏ်ရဲ့ ပင်မ မူဝါဒ အတိုးနှုန်းကို သုညကနေ သုည ဒသမ ၁ ရာခိုင် နှုန်းအကြား တစ်ညီတစ်ညွတ်တည်း ဆန္ဒမဲဖြင့်သတ်မှတ် ထားပြီး လွန်ခဲ့သောလက ငွေကြေးမူဝါဒကိုလျှော့ ချ ထားခဲ့ပြီးနောက် နောက်ထပ်ေ ငွကြေးတွန်းအားပေး အစီ အစဉ် ဆောင်ရွက်ရေးကိစ္စကိုထိန်းထားပါတယ်။    ဂျပန်နိုင်ငံရဲ့ စီးပွားရေး နာလန်ထူမှုက ပြန်လည် တည်မြဲနေလိမ့်မယ်လို့ ဂျပန်ဗဟိုဘဏ်က ရှုမြင်ထားပါတယ်။ ဥရောပရဲ့ နိုင်ငံတော်ကြွေးမြီပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတဲ့အတွက် ဈေးကွက်တွေ မတည်မငြိမ်ဖြစ်နေပါ တယ်။ ဒါကြောင့် ယခုအခါဈေးကွက်တွေရဲ့ လှုပ်ရှားမှုတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုလိမ့်မယ်လို့ သတိပေးထားပါ တယ်။    ဗဟိုဘဏ်က ငွေကြေးဖေါင်းပွနှုန်းကို ၁ ရာခိုင်နှုန်းရရှိ အောင် ဆောင်ရွက်ဖို့ ဂျပန်ဗဟိုဘဏ်က ရည်မှန်း ချက်ထား ဆောင်ရွက်နေပါတယ်။မိမိရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့ အနေနဲ့ အက်ဆက်တွေအစီအစဉ်ကို တိုးမြှင့်ပြီး ငွေကြေး မူဝါဒတွေကို လျှော့ချပေးခဲ့ပါသည်။ Source.reuters.com