Main menu

Background

မလေးရှားမှ ငွေလွှဲရာတွင် တရားဝင် ဘဏ်လမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ်က တိုးမြှင့် အသုံးပြုမည်

Wed, 05/30/2012 - 05:16 -- Anonymous (not verified)

    မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့က မိခင် နိုင်ငံသို့ ငွေပြန်လွှဲရာတွင် တရားဝင်ဘဏ်လုပ်ငန်းလမ်းကြောင်းမှ တိုးမြှင့်ဆောင် ရွက်ခြင်းဖြင့် နိုင်ငံတွင်းသို့ လွှဲငွေများ ပိုမိုစီးဝင်လာမည့်  နည်းလမ်းများကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကြိုးစားဆောင်ရွက်နေပါတယ်။ဒီအစီအစဉ်ကို ဇွန် ၁၃ ရက်မှ ၁၅ ရက် အထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမှာ  ကျင်းပမဲ့ Second Show Case Bangladesh 2012   ပြပွဲမှာ စတင်ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်-မလေးရှားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌဟောင်း ဆယတ် မိုအာဇမ်ဟူစိန်က ပြောပါတယ်။    ဟူစိန်က ပြပွဲစည်းရုံးရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘဏ်အမြောက်အမြားက ပြပွဲတွင်ပါဝင်ကြမှာ ဖြစ်ပြီး မလေးရှားမှ အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးငါးသိန်းခန့် ကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငွေပြန်ပို့တဲ့အခါ တရားဝင် ဘဏ်လုပ်ငန်း လမ်းကြောင်းတွေကနေ လုပ်ဖို့ ဆောင်ရွက်သွားမှာဖြစ် ကြောင်း ဆယတ်မိုအာဇမ်ရဲ့ပြောကြားချက်ကို The Financial Times သတင်းဌာန က ကိုးကားဖော်ပြပါတယ်။    ငွေအားလုံးကို တရားဝင် ဘဏ်လုပ်ငန်းကနေ လွှဲမယ်ဆိုရင် ၂၀၁၁ ခုနှစ်က ရင်းဂစ် ၁ဘီလီယံ ငွေ ရင်း ဂစ် ၃ဒသမ ၁၁ ဘီလီယံရှိရာမှ ယခုနှစ်မှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ(ရင်းဂစ် ၄ဒသမ ၆၇ ဘီလီယံ)ရှိမယ် လို့ ခန့်မှန်းထားပါတယ်။ှSource.bernama.com