Main menu

Background

အိန္ဒိိယ-မြန်မာမော်တော်ကားလမ်းနဲ့ လေကြောင်းဆက်သွယ်မှု တိုးမြှင့်မည်

Wed, 05/30/2012 - 06:09 -- Anonymous (not verified)

    မြန်မာနိုင်ငံသို့ခရီးသည်တင်ဘတ်စကားပြေးဆွဲရေး စတင် ဖို့နဲ့ လေကြောင်းခရီးစဉ်တွေတိုးချဲ့ဖို့အတွက် အစိုးရခွင့်ပြုတော့ မှာ ဖြစ်ကြောင်း Press Trust of India   သတင်းဌာနရဲ့ သတင်း တွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရရှိ အင်ဖာ နဲ့ မြန်မာနိုင်ငံမန္တလေးကိုဆက်သွယ်ဖို့ဘတ်စကားလမ်း ဆက်သွယ် ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးနဲ့သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို မေ ၂၄ ရက်မှာ ဝန်ကြီးအဖွဲ့ အတွင်း ဆွေးနွေးမယ်လို့ သတင်းရပ်ကွက်တစ်ခု က ပြောပါ တယ်။    အဆိုပြုချက်ကို အတည်ပြုချက်ရပြီးရင် ယခုလကုန်ပိုင်းမှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက်တဲ့ အခါ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။    ဘတ်စကားခရီးစဉ်က အပတ်စဉ် တနင်္လာနေ့ တစ်ရက် သာရှိမှာဖြစ်ပြီး နှစ်ဘက်နိုင်ငံတွေက ပုဂ္ဂလိက လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးမယ်လို့ ခန့်မှန်းပါတယ်။နှုန်းထားတွေကို သတ် မှတ်ထားခြင်း မရှိသေးပါ။ မေ ၁၀ ရက်က ၁၁ ရက်အတွင်း ကုန်းလမ်းပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းမကြီးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် မြန်မာနိုင်ငံကိုရောက်ရှိစဉ်က နည်းပညာဆိုင် ရာ ဆွေးနွေးမှုများပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရပ်ကွက်က ပြော ပါတယ်။    အိန္ဒိယ နယ်စပ် တမူးကနေ မန္တလေးမြို့ကို ဆက်သွယ် တဲ့ အခါ လမ်းသွယ်သုံးခု ရှိနိုင်ပါတယ်။ အရှည်ဆုံး လမ်းက ၈၂၁ ကီလိုမီတာရှိပြီး အတိုဆုံးလမ်းက ၄၈၉ ကီလိုမီတာ ရှိပါတယ်။အတိုဆုံးလမ်းက မိုးရာသီမှာ အသုံးပြုလို့မရပါဘူး။    ခရီးသည်တွေက  နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ တစ်လ နေထိုင်ခွင့်ရမှာဖြစ်ပြီး တမူးနယ်စပ်စခန်းနဲ့ မိုးရေး နယ်စပ်စခန်းတွေကနေ Single Entry ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်မောင်းညာမောင်းပြဿနာနဲ့ အခြားယာဉ် သွားလာမှုဆိုင်ရာ စည်းမျဉ်းဥပဒေများကွဲပြားနေတဲ့ အတွက် နယ်ခြားမှာခရီးသည်တွေ ကားပြောင်းရဖို့ရှိပါတယ်။    မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ်လေးခုရှိပြီးအနုနာချာပရာဒက်ရှ်၊ နာဂလင်း၊ မဏိပူရနဲ့ မီဇိုရမ်တို့ဖြစ်ပါတယ်။    အိန္ဒိယဝန်ကြီးအဖွဲ့က မြန်မာနိုင်ငံနဲ့ လေကြောင်း ဆက် သွယ်ရေး သဘောတူ စာချုပ်ကိုလည်း ပြန်လည်သုံးသပ်ပြီး အိန္ဒိယနိုင်ငံ မြို့အသီးသီးမှ မြန်မာနိုင်ငံဘက်ကို လေကြောင်း ခရီးစဉ်တွေပိုမို ပြေးဆွဲနိုင်ဖို့ နည်းလမ်း ရှာဖွေလျက်ရှိပါတယ်။ှSource .bernama.telegraphindia.com