Main menu

Background

ဗီယက်နမ် ဆော့ဖ်ဝဲကုမ္ပဏီက အွန်လိုင်းဗိုင်းရပ်စ်စစ်ဆေးရေး အခမဲ့ ဝန်ဆောင်မှုပေး

Wed, 05/30/2012 - 06:11 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံရဲ့ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်တဲ့  Bach Khoa Antivirus (BKAV)က အခမဲ့အွန်လိုင်းစစ်ဆေးရေးဝန်ဆောင် မှု ကို စတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီဝန်ဆောင်မှုအရ ပုဂ္ဂလိက သုံးစွဲသူတွေနဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ဝက်ဘ်ဆိုက်တွေကို လုံခြုံရေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ဖို့ အထောက်အကူဖြစ်စေပါတယ်။ အွန်လိုင်း အချက် အလက်စုဆောင်းရေး နည်းပညာဖြစ်တဲ့ မိုးတိမ်ကွန်ပျူတာစနစ် (Cloud Computing System)ကိုအသုံးပြုပြီး အွန်လိုင်းအသုံးပြုသူတွေက ဆော့ဖ်ဝဲ ကို အသုံးပြုစရာမလိုဘဲ ဟက်ကာထောင်ပေါင်းများစွာ ထောက်လှမ်း စစ်ဆေးနိုင်အောင် အထောက်အကူဖြစ်စေပါတယ်။    BKAU ကပြုစုထားတဲ့ စာရင်းဇယားတွေအရ ဗီယက်နမ်ဝက်ဘ်ဆိုက် ခြောက်ခုလောက်မှာ ဟက်ကာ တွေရဲ့တိုက်ခိုက်မှု ကို နေ့စဉ်ခံစားနေရပါတယ်။တစ်နှစ်တစ်နှစ်မှာ ဝက်ဘ်ဆိုက် ၂၀၀၀ ခန့်ကို ဟက်ကာတွေရဲ့ တိုက်ခိုက်တာ ခံရပြီး ပြည်တွင်း ကုမ္ပဏီတွေမှာ ထိခိုက်ဖျက်ဆီးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ စမ်းသပ်ကာလ ပထမခုနှစ်လမှာBKAU ရဲ့ထုတ်ကုန် သစ်အတွက် မှတ်ပုံတင်သူ ၁၀၆၃ ခုရှိခဲ့တာကိုတွေ့ရကြောင်း BKAU ရဲ့ လုံခြုံရေးဌာန ခွဲ ညွှန်ကြားရေးမှူး ငုယင်မင်းဒပ်က ပြောပါတယ်။ ကနဦးစစ်ဆေးချက် ပြုလုပ်ပြီး တဲ့ နောက်မှတ်ပုံတင်ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ လုံခြုံရေးအန္တရာယ်တွေ ရှိနေတာကို စစ်ဆေးတွေ့ရှိရပါတယ်။    ဝန်ဆောင်မှု လုပ်ငန်းတွေကို BKAU ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ wabscan. bknv.com ကနေဆောင်ရွက်ပေးပါတယ်။ ဗီယက်နမ်မှာ အခမဲ့ အွန်လိုင်း ဗိုင်းရပ်စ် စစ်ဆေးရေးကိုဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေက BKAU  အပြင် Me A fee နဲ့ Comodo ဆိုပြီး သုံးခုရှိပါတယ်။            Source .VNS