ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (RUMFCCI) ပထမထပ် အစည်းအဝေးခန်းမတွင် မေ ၂၁ ရက် နံနက် ၀၉း၀၀ အချိန်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လု့ိ သတင်းရရှိပါတယ်။အလုပ်ရုံဆွေးနွေးပွဲသို့ မော်တော် ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး စီးပွားရေး နှင့်ကူးသန်းရောင်း ဝယ်ရေဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌဦးထွန်းအောင်၊ ဦးအောင် လွင်၊ RUMFCCI မှ ဗဟိုအလုပ် အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ မော်တော် ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သော ဌာနဆိုင်ရာများမှ အကြီး တန်းအရာရှိ များ၊ မော်တော်ယာဉ် အရောင်းစင်တာများ၊ ပြည်တွင်းမော် တော်ယာဉ်ထုတ်လုပ်သူများ အပါ အဝင် စိတ်ပါဝင်စားသူများ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားတွင် မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်း ရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ အဖွင့်အမှာစကား ပြောကြားပြီး RUMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း သုံးပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းမှာ မြန်မာနိုင်ငံမှာ မော်တော်ယာဉ်ထုတ် လုပ်မှုနဲ့ တင်သွင်းမှုများ အား ရေရှည်မှာ နိုင်ငံတကာမှာ ကျင့်သုံးဆောင်ရွက်နေ မှု အခြေအနေများနဲ့ လိုက်လျောညီ ထွေဖြစ်စေရေး၊ ပြည်တွင်းလိုအပ်ချက် များနဲ့ ကိုက်ညီစေရေး သုံးသပ်တင်ပြ ခြင်း၊ ဒုတိယပိုင်းမှာ မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်ဆောင်ရွက် နေမှု အခြေအနေများ၊ ပြည်တွင်းမော် တော်ယာဉ်ထုတ်လုပ်မှု အခြေအနေ များအား ဆွေးနွေးတင်ပြခဲ့ကြပြီး တတိယပိုင်းမှာတော့ တက်ရောက် လာသူများမှ မေးမြန်းခြင်းနဲ့ ပြန်လည် ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါ တယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲမှာ မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အဖွင့်စကား မြွက် ကြားရာမှာ မြန်မာနိုင်ငံ မှာ မော်တော် ယာဉ်ထုတ်လုပ်မှုလုပ်ငန်းကို ၁၉၆၅ ခုနှစ်ခန့်ကစပြီး အစိုးရနှင့် ဂျပန်နိုင်ငံတို့ ဖက်စပ်ဆောင်ရွက် ခဲ့သည်မှ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ပညာတော် သင်များ၊ သင်္ဘောသားများ၊ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်သော အလုပ်သမား များ ကိုယ်ပိုင်အသုံးပြု ရန် လူစီးကားများတင်သွင်းခွင့် ပြုခဲ့ သည်များ၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တွင် ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှု အနေနှင့် လိုအပ်ချက်များကို ပြည့်မီ အောင်ဆောင်ရွက်နိုင်မှု မရှိတဲ့အခြေ အနေ၊ ၁၉၉၃ ခုနှစ်မှစပြီး ပြည်ပမှ လူစီးယာဉ်၊ လုပ်ငန်းသုံးယာဉ်များ တင် သွင်းခွင့်ကို ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ နိုင်ငံခြားသုံးငွေ တရားဝင်ရရှိ သူများအား ခွင့်ပြုခဲ့မှု၊ ၁၉၉၉ ခုနှစ်မှ စပြီး လုပ်ငန်းသုံးယာဉ်များကို တင်သွင်း ခွင့်ပြုပြီး လူစီးယာဉ်များကို အကန့် အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့မှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ ပါတယ်။ ထိုသို့ အကန့်အသတ်ဖြင့် တင်သွင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း သုံးစွဲနေသော ကိုယ်ပိုင်ယာဉ် များ၊ တက္ကစီအငှားယာဉ်များ၊ ဘတ်စ် ကားများ၊ လုပ်ငန်းသုံးယာဉ်များ အိုမင်း ဟောင်းနွမ်းလာပြီး ယာဉ်အပိုပစ္စည်း ရှားပါးမှုနဲ့ ယာဉ်ကြံ့ခိုင်မှု ကျဆင်းလာမှု များရှိလာပြီး ပြည်တွင်းမော်တော်ယာဉ် ပေါက်ဈေးမှာလည်း ဖြစ်သင့်သည် ထက် အဆမတန် ပိုမိုလာကြောင်း၊ တစ်ဖက်မှာလည်း ပြည်ပကုန်သွယ်မှု အခြေအနေမှာ ကုန်သွယ်ရေးပိုငွေပြမှု ဆက်တိုက် တိုးတက်လာတာနဲ့အမျှ မြန်မာကျပ်ငွေတန်ဖိုး မြင့်မားတည်ငြိမ် လာတဲ့ အခြေအနေများအရ ပြည်တွင်း သယ်ယူပို့ဆောင်မှုလုပ်ငန်းများ လျင် မြန် ချောမွေ့စေရေးနဲ့ ပြည်သူလူထု ဈေးနှုန်းသက်သာစွာနဲ့ မော်တော်ယာဉ် များဝယ်ယူစီးနင်းနိုင်ရန် ရည်ရွယ်ပြီး အိုမင်းဟောင်းနွမ်းနေသော မော်တော် ကားများ အစားထိုးလဲလှယ်တင်သွင်း မှုအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ခဲ့ ပုံ၊ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများ၊ နိုင်ငံခြားသင်္ဘော သားများ၊ အလုပ်သမားများနဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသူ များ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ မော်တော်ယာဉ် တင်သွင်းခွင့်၊ MICB နှင့် MFTB တို့ တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထား သော နိုင်ငံသားများအား၂၀၀၇ ခုနှစ် နှင့်အထက် ခရီးသည်တင်ဘတ်စ်ကား မှအပ ဘယ်မောင်း၊ ညာမောင်း မခွဲခြား ဘဲ မော်တော်ယာဉ်များ တင်သွင်းခွင့် များအပြင် ရန်ကုန်မြို့နဲ့ အခြားမြို့ကြီး များတွင် လုပ်သားပြည်သူများ လွယ် ကူစွာ သွားလာနိုင်ရန် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ထောက်ခံ ချက်နဲ့ ဘတ်စ်ကားများ၊ တက္ကစီများ တင်သွင်းခွင့်များကို Phase by Phase ခွင့်ပြုပေးခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက် တင်ဘာလမှ ယခုအထိ ပြည်ပမှ မော် တော်ယာဉ်တင်သွင်းခွင့် လိုင်စင်/ပါမစ် ထုတ်ပေးမှုအခြေအနေများ၊ ရေရှည် တွင် ပြည်ပမှတင်သွင်းခြင်းထက် ပြည် တွင်းမှာထုတ်လုပ်ပြီး ပြည်တွင်း လိုအပ် ချက်ဖြည့်ဆည်းသွားရန် ရည်မှန်းထား ကြောင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖက်စပ် လုပ်ငန်းများဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်မှန်းဆောင် ရွက်ထားကြောင်း၊ ရေရှည်မှာ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု ပြည်တွင်းမှ ထုတ်လုပ်မှုအခြေအနေများကို လိုက် လျောညီထွေ အကောင်းဆုံးဖြစ်အောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်သည် များကို ယနြေ့ပုလုပ်တဲ့ အလုပ်ရုံဆွေး နွေးပွဲမှ အကြံပြုဆွေးနွေးကြရန် ပြော ကြားခဲ့တယ်လို့ သိရှိရပါတယ်။RUMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် မှ ယနေ့အလုပ်ရုံဆွေးနွေးပွဲကို တက် ရောက်ကြတဲ့ အင်အားကို မြင်ရခြင်း အားဖြင့် ကားတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းတွေကို လုပ်ငန်းရှင်များ စိတ်ဝင် စားမှုရှိနေသည်ကို ဖော်ပြနေကြောင်း၊ အလွန်အရေးပါတဲ့ ဆွေးနွေးမှု တစ်ရပ် ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်း ပရာမှာ ဌာနဆိုင်ရာများမှလည်း သက် ဆိုင်ရာခေါင်းစဉ်အလိုက် သေချာေ ဆွး နွေးသွားကြမယ်လို့ ယုံကြည်ပါကြောင်း၊ ပုဂ္ဂလိကပိုင်းအနေနဲ့လည်း ကားတင် သွင်းခြင်းနဲ့စပ်လျဉ်းပြီး မည်သို့မည် ပုံ ဆောင်ရွက်လျင် မိမိစီးပွားရေးအတွက် ရော တိုင်းပြည်အတွက်ပါ တည်တည် ငြိမ်ငြိမ်လုပ်ဆောင်သွားနိုင်ေ ရး ဆွေးနွေး ကြရန်၊ ကားတင်သွင်းရုံသာမက Spare parts တင်သွင်း ရောင်းဝယ်မှု ဟာလည်းအရေးပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုနှင့် တင်သွင်းမှုများကို ဆွေး နွေးရာမှာ နိုင်ငံတော်အတွက် အကျိုး ရှိအောင်ပါ ဆွေးနွေးသွားကြစေလို ကြောင်း၊ မိသားစုစီး ကားများထက် Commercial သုံးကားများဟာ နိုင်ငံ တော်အတွက် အရေးကြီးပါကြောင်း၊ Transaction cost များ လျှော့ချရန်၊ Transportation ချောမွေ့စေရန် ကုန် တင်ယာဉ်များ၊ ဘတ်စ်ကားကြီးများ အား ထိုက်သင့်သောဈေးနဲ့ တင်သွင်း ခွင့်ရရှိရေးဟာ အရေးကြီးပါကြောင်း၊ ယခုကားအရောင်းခန်း ဖွင့်လှစ်သူများ ဟာ အခြားစီးပွားရေးလုပ်ငန်းများကို လည်း ယှဉ်တွဲလုပ်ကိုင်နေကြသူများ ကြကြောင်း၊ ထိုက်သင့်သောဈေးနှုန်းနဲ့ ရောင်းချကြမှသာ Transportation charges များ လျှော့ချပေးနိုင်ပြီး အခြား စီးပွားရေး လုပ်ငန်းများကို အကျိုးပြုစေမှာဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတဲ့ တိုင်းပြည်မနှေး အမြန်ဖြစ်လာ ရေး အတ္တပရမျှတ စွာ ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ပထမပိုင်းဌာနဆိုင်ရာများမှ မြန်မာ နိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ တင်သွင်းမှုများအား ရေရှည်တွင် နိုင်ငံ တကာ၌ ကျင့်သုံးဆောင်ရွက်နေတဲ့ အခြေအနေများနဲ့ လိုက်လျောညီထွေ ဖြစ်စေရေး၊ ပြည်တွင်းလိုအပ်ချက်နဲ့ ကိုက်ညီစေရေး သုံးသပ်တင်ပြ ဆွေး နွေးရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အကြံပေး ဦးကျော်ထွန်းမှ မော်တော်ယာဉ် ထုတ် လုပ်/တင်သွင်းမှုများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ မော်တော်ယာဉ် တင် သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ ရုံးလုပ်ငန်းအဖွဲ့ ကိုယ်စား မြန်မာလယ် ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ အထွေထွေမန်နေဂျာ ဦးကျော်စိုး၊ အကောက်ခွန်ဦးစီးဌာန၏ အကောက် ခွန်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ ကုန်းလမ်းပို့ဆောင်ေ ရး ညွှန်ကြားမှု ဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးထွန်း ကျော်က ကုန်းလမ်းပို့ဆောင်ရေးဦးစီး ဌာနမှ တာဝန်ယူဆောင် ရွက်နေမှုများ နှင့်စပ်လျဉ်းပြီး တင်ပြခဲ့ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းတွင် မော်တော်ယာဉ်အရောင်းစင်တာ ဖွင့် လှစ်ဆောင်ရွက်နေမှု အခြေအနေ များ နှင့်စပ် လျဉ်းပြီး အောင်သိန်းသန်း ဆားဗစ်နှင့် အေဂျင်စီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းမှ လည်းကောင်း၊ ပြည်တွင်းမော်ေ တာ် ကားဈေးကွက် အခြေအနေများနှင့် စပ် လျဉ်းပြီး ရောင်နီဦးကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းမှ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ပါ သည်။ထို့နောက် တက်ရောက်လာကြသူ များမှ မေးခွန်းများမေးမြန်းခြင်း၊ မရှင်း လင်းသည့်လုပ်ငန်း process များနှင့် စပ်လျဉ်း ၍ မေးမြန်းခြင်း၊ ကားတင် သွင်းမှုနှင့်စပ်လျဉ်း၍ ခြုံငုံအကြံပြုချက် များ၊ ပြည်ပမှ ကားတင်သွင်းသည့် လုပ်ငန်းစဉ်များ အလိုက် တွေ့ကြုံရတဲ့ အခက်အခဲနှင့် အကြုံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေး နွေးပွဲကို ၁၂း၅၀ အချိန်မှာ ရုပ်သိမ်းခဲ့ တယ်လို့ သိရှိရပါတယ်။ဆွေးနွေးပွဲတွင် သဘာပတိများ အဖြစ် ပထမပိုင်း၌ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်း အောင်နှင့် ဒုတိယပိုင်း၌ ကုန်သည် စက်မှုအသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဒေါက်တာမျိုးသက်တို့က အသီး သီးဆောင်ရွက်ခဲ့ကြပါတယ်။MIRT
Background