Golden Wings Co. နှင့် Jenko Co တို့ပူးပေါင်းကာ လေယာဉ် မောင်းသင်တန်းကျောင်း စာတွေ့သင်တန်းကို မေ ၂၁ ရက်မှစကာ အပတ်စဉ် ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။ အဆိုပါသင်တန်းကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အခြေခံ ပညာအထက်တန်းအဆင့်ရှိသူတိုင်း မည်သူမဆိုတက်ရောက်နိုင်ပြီး သင် တန်းကာလမှာ ရန်ကုန်မြို့မှာ ၁၄ ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ ၁၄ ပတ် သင်ကြားပြီးပါက နယူးဇီလန်တွင် ဆက်လက်သင်ကြားရမှာဖြစ်ပါတယ်။သင်တန်းမှာသင်ကြားပေးမယ့် ChiefPilot, Principal Flight Traning, Chief Examiner ဖြစ်သူ Capt Peter Obersckneider က "ရန်ကုန်မြို့မှာ စာတွေ့သင်တန်းပေးပြီး ဝင်ခွင့်စာမေးပွဲ အောင်နိုင်တဲ့ အဆင့်မှ နယူးဇီလန်ကိုလွှတ်မယ်။ ခုနေတက်ရင် အလုပ်ရဖို့လည်း လွယ် ကူမယ်။ လိုင်စင်လည်းတန်းရမယ်။ Private Pilot Licence, Commercial Pilot Licence, Instructor Rating, Instrument Rating တွ ရနိုင် မယ်။ မြန်မာနိုင်ငံက အခါတိုင်းဆို မလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံက လိုင်စင် ယူပြီး လေယာဉ်မောင်းကြတာ။ နယူးဇီလန်ကတော့ International အဆင့်မှာရှိပါတယ်။ တောင်တွေကြားထဲမှာရှိတဲ့မြို့မှာ သင်ကြားပေးမှာ ဖြစ်တဲ့အတွက် ရာသီဥတုလည်း အဆင်ပြေပါတယ်။ ဘယ်မှာမဆို အလုပ် သွားလုပ်လို့လည်း ရပါတယ်''လို့ ပြောပါတယ်။သင်တန်းကြေးမှာ စာမေးပွဲကြေး၊ ဆေးစစ်ခနဲ့ မီတာခအပါအဝင် အမေရိကန်ဒေါ်လာ ၈၀၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ သင်တန်းပထမ အပတ်ကို မေ ၂၁ ရက်မှာ အမှတ် ၄၅၉ ဘီ၊ အခန်း ၃ ဒီ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဗဟန်းမြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့ရာ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတက်ရောက်ခဲ့ကြောင်း၊ အပတ်စဉ်တစ်ခုကို ၁၀ ဦးသာ လက်ခံမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
Background