Main menu

Background

အာဖရိကဈေးကွက်ကို ချဲ့ထွင်ထိုးဖောက်မည့် ထိုင်းနိုင်ငံမှ မာမား အသင့်စားခေါက်ဆွဲ ကုမ္ပဏီ

Wed, 05/30/2012 - 06:51 -- Anonymous (not verified)

         ထိုင်းနိုင်ငံမှ မာမားအသင့်စားခေါက်ဆွဲ (Mama Instant noodles)ထုတ်လုပ်တဲ့ Tai Preshdent Foods Plc(TF)  အနောက်အာဖရိကဈေးကွက်ကို ထိုးဖောက်နိုင်ရေးအတွက် ဂါနာနိုင်ငံမှာ ဖက်စပ်စက်ရုံတစ်ခု ထူထောင်ကာ မာမား အသင့်စားခေါက်ဆွဲ များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမယ်လိ့ုသိရတယ်။ ဒါကြောင့်  TF ကုမ္ပဏီက ဂါနာနိုင်ငံမှ စပါဂက်တီ ခေါက်ဆွဲတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုနဲ့ စေ့စပ်ညှိနှိုင်းလျက်ရှိတယ်။ အဆင်ပြေမယ်ဆိုပါက လာမယ့်နှစ်မှ အစပြုပြီး အသင့်စားခေါက်ဆွဲထုတ်လုပ်ဖို့ ထိုင်းဘတ်ငွေ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လိ့ု သိရတယ်။ဂါနာမှာ အသင့်စားခေါက်ဆွဲစားသုံးမှုက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှစပြီး ခေတ်စားလာခဲ့ရာ ၎င်းဈေးကွက်ကို အင်ဒိုနီးရှားကုမ္ပဏီ တစ်ခုက လွှမ်းမိုးထားနိုင်ခဲ့ပြီးဖြစ်တယ်။ အနောက်အာဖရိကမှာ အသင့်စားခေါက်ဆွဲစားသုံးတဲ့ ယဉ်ကျေးမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ အတွက် ထိုင်းနိုင်ငံမှ မာမားကုမ္ပဏီက နိုင်ငံတကာဈေးကွက် ထိုးဖောက်ရေး မဟာဗျူဟာနဲ့အညီ အလားအလာကောင်းတဲ့ ဂါနာဈေး ကွက်ဝေစုကိုရယူဖို့ စဉ်းစားလာခြင်းဖြစ်တယ်။ ဒါပေမဲ့ ဂါနာမှာ သွင်းကုန်အခွန်တွေ မြင့်မားနေဆဲဖြစ်တယ်လိ့ု သိရတယ်။မာမားအသင့်စားခေါက်ဆွဲကုမ္ပဏီက ပြည်ပနိုင်ငံတွေမှာ စက်ရုံခွဲတွေ တည်ထောင်ထားခဲ့သည်မှာ လက်ရှိအချိန်အထိ ၃ ခုရှိပြီဖြစ်တယ်။ ဖက်စပ်စက်ရုံခွဲတွေ ဖွင့်လှစ်ထားတဲ့နိုင်ငံတွေမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်တယ်။ ဂါနာနိုင်ငံမှာ စက်ရုံတည်ထောင်ဖြစ် ပါက စတုတ္ထမြောက်စက်ရုံဖြစ်မယ်လို့ သိရတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မာမားခေါက်ဆွဲစက်ရုံ ကို ဥရောပဒေသကို တင်ပို့မဲ့ ခေါက်ဆွဲေ တွထုတ်လုပ်တဲ့ အခြေစိုက်စက်ရုံအဖြစ်ဆောင်ရွက်သွားမယ့် ရေရှည်စီမံကိန်းလည်း ရှိတယ်လို့ သိရတယ်။                                                          Source:bangkokpost.com,  ပပ