ယခုနှစ် ပထမ ၃ လပတ်မှာ ငွေလုံး ငွေရင်းနည်းပါးခြင်းနဲ့ ပို့ကုန်ကျ ဆင်းခြင်းကြောင့် ပင်လယ်စာတင်ပု့ိသူ အရေအတွက် ကျဆင်းသွားကြောင်း ဗီယက်နမ် ပင်လယ်စာထုတ်လုပ်တင်ပို့ သူများအသင်း (VASEP) က ပြော ကြားလိုက်ပါတယ်။ ပထမ သုံးလပတ် မှာ ငွေလုံးငွေရင်းမရှိခြင်း၊ ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းများနဲ့ မူဝါဒများ ရှုပ်ထွေးခြင်းကြောင့် ပင်လယ်စာတင်ပို့ တဲ့လုပ်ငန်း ၃၀ ရာခိုင်နှုန်းခန့် ခေတ္တ ပိတ်သိမ်းထားကြောင်း VASEP က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ် ပထမ သုံးလပတ်မှာတော့ ပင်လယ်စာ တင်ပု့ိသူ ၃၀၀ မှ ၅၀၀ အထိ လျှော့ နည်းသွားနိုင်ကြောင်း အခွန်ကောက်ခံ ရေးဌာနရဲ့အစီရင်ခံစာ မှာလည်း ဖော်ပြ ထားတယ်လို့ သိရပါတယ်။ ဒီလိုလုပ် ငန်းတော်တော်များများ ပိတ်သိမ်းမှုက နှစ်စဉ် ပို့ကုန်လျာထားချက်ကို ထိခိုက် စေဖို့ေ သချာကြောင်း VASEP ရဲ့ ဒုတိယ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်ငန်းတွေ ပိတ်သိမ်း မှုကြောင့် ပို့ကုန် ထက်ဝက် လောက်ကျဆင်းပြီး စီးပွားရေးအကျပ် အတည်း၊ ချေးငွေမူဝါဒအကျပ်အတည်း နဲ့ ၎င်းပြဿနာများ ကို ဖြေရှင်းနိုင် မယ့် ငွေလုံးငွေရင်း ပမာဏတွေ ကျဆင်းမှု တွေကို ပင်လယ်စာထုတ်လုပ်သူများ ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြား ခဲ့ပါတယ်။ ပင်လယ်စာ တင်ပို့သူဦးရေ ကျဆင်းသွားခြင်းကတော့ ပင်လယ်စာ ထုတ်လုပ်ရေးစက်ရုံများ ပိုမိုစဉ်ဆက် မပြတ် ထုတ်လုပ်ဖြစ်ဖို့ ကူညီရာရောက် ကြောင်း VASEP ရဲ့ ဒုဥက္ကဋ္ဌက သုံး သပ်ပါတယ်။ သာမန်အားဖြင့် ပို့ကုန် ထုတ်လုပ်မှုရဲ့ ထက်ဝက်ခန့်ကိုပင် စက် ရုံများက မထုတ်လုပ်နိုင်ကြောင်းနဲ့ ပင်လယ်စာ စက်ရုံတွေအနေနဲ့ လုံလောက်တဲ့ ပို့ကုန်အမှာတွေမရှိရင် ၎င်း တို့ရဲ့စီးပွားရေးကို ပိတ်ထားရမယ်လို့ သူကဆိုပါတယ်။ပင်လယ်စာ စက်ရုံတွေ အနေနဲ့ ငွေရေးကြေးရေး၊ ကောင်းမွန် တဲ့အုပ်ချုပ်ရေးနဲ့ လုံလောက်တဲ့ ရင်းနှီး မြှုပ်နှံမှုမရှိ တာကြောင့် ကုမ္ပဏီအရေ အတွက်တွေ လျှော့ချဖို့လိုအပ်ကြောင်း VASEP ရဲ့ ဒုဥက္ကဋ္ဌက ဆိုပါတယ်။ ယခုနှစ်ဒုတိယ သုံးလပတ်မှာ ပင်လယ် စာစက်ရုံ ၉၂ ဒသမ ၃ ရာခိုင်နှုန်းက ငွေလုံးငွေရင်း ဗီယက်နမ်ဒေါင် (၁၀-၅၀၀)ဘီလီယံ၊ ကန်ဒေါ်လာ (သုည ဒသမ ၄၈ - ၂၃ ဒသမ ၈၁) သန်းကြား လိုအပ်ကြောင်း VASEP ရဲ့ စာရင်းများ အရ သိရပါတယ်။ ဒါပေမယ့် ယခုနှစ် ပထမ ၄ လအတွင်းမှာတော့ ရေလုပ် ငန်းကနေ တင်ပု့ိငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ် နှစ် ၁၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း VASEP က ပြောကြားပါ တယ်။ ပင်လယ်စာ တင်ပို့နိုင်မှုက အဓိကအားဖြင့် အာရှကိုတင်ပို့တာဖြစ် ပြီး ဥရောပသမဂ္ဂကို တင်ပို့မှုကတော့ ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၉၉ ဒသမ ၄ သန်းဖိုးသာ ရှိကြောင်း သိရပါတယ်။ တခြားအဓိက တင်ပို့တဲ့ ပို့ကုန်ဈေးကွ က်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ အာဆီယံနဲ့ သြစတြေးလျတို့ကလည်း ၁၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၃၈ ဒသမ ၁ ရာခိုင်နှုန်းကြားတိုးလာတာ တွေ့ရပါတယ်။ ယခုနှစ်ဒုတိယ၊ တတိယနဲ့ စတုတ္ထသုံးလပတ်တွေမှာ စီးပွားရေးအကျပ် အတည်းတွေ ဆက်ဖြစ်ပြီး အရည် အသွေး တင်းကျပ်မှုတွေရှိခဲ့ရင် ပင် လယ်စာတင်ပို့မှုတိုးတက်ဖွယ်မရှိကြောင်း ပင်လယ်စာ ကျွမ်းကျင်သူများက သုံး သပ်ထားကြောင်း သတင်းရရှိပါတယ်။ှSource: VNS,K.Z.W
Background