Main menu

Background

လက်ဖက်ခြောက်တင်သွင်းခွင့်ကို လွတ်လပ်စွာခွင့်ပြုရန် သီရိလင်္ကာတောင်းဆို

Wed, 05/30/2012 - 06:53 -- Anonymous (not verified)

       သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက်တင်ပို့သူတွေက တရုတ်၊ အိန္ဒိယနဲ့ ကင်ညာတို့မှ အရည်အသွေးမြင့် လက်ဖက်ခြောက်ကိုတင်သွင်း ကာ ၎င်းလက်ဖက်ခြောက်တွေကိုရောစပ်ပြီး လက်ဖက်ခြောက်မျိုးစုံ ပြုလုပ်နိုင်ရေးလုပ်ငန်းကို တိုးချဲ့နိုင်ရေးအတွက် လက်ဖက်ခြောက်တင် သွင်း မှုအပေါ်မှာ လွတ်လပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားလိုက်တယ်။ သီရိလင်္ကာမှာ လက်ဖက်ခြောက်  တင်ပို့သူများအသင်း Tea Exporters Association (TEA) မှာ အဖွဲ့ဝင်တွေရဲ့ ၈၃ ရာခိုင်နှုန်းက လက်ဖက်ခြောက်တင်သွင်းမှုအပေါ်မှာ လွတ်လပ်ခွင့်ပြုလိုက်ခြင်းကြောင့် သီရိလင်္ကာ လက်ဖက်ခြောက်လုပ်ငန်းအပေါ် ဆိုးကျိုးတွေ သက်ရောက် နိုင်မှာမဟုတ်ကြောင်း အခိုင်အမာပြောဆိုလျက်ရှိတယ်။သီရိလင်္ကာက ကမ္ဘာပေါ်မှာ လက်ဖက်ခြောက်လေလံတင်ရောင်း ချတဲ့နိုင်ငံဖြစ်ပြီး လက်ဖက်ခြောက် ကို ဈေးအမြင့်နဲ့ ရောင်းချလျက် ရှိတာ ကြောင့် လက်ဖက်ခြောက်တင်သွင်းကာ ကွဲပြားခြားနားတဲ့ လက်ဖက် ခြောက်မျိုးစုံကိုရောစပ် ကာ ပြုလုပ်ရောင်းချနိုင်တဲ့ အကောင်းဆုံးနေရာ ဖြစ်ကြောင်း  TEA  ဥက္ကဌ   Niraj de Mel   က ပြောကြားလိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ သီရိလင်္ကာက လက်ဖက်ခြောက်တင်ပို့မှု ကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရရှိခဲ့ကြောင်းနဲ့ ၂၀၂၀ ခုနှစ်မှာ သုံးဆတက် တင်ပို့ဖို့ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကိုပြည့်မီဖို့ မဖြစ်နိုင်သေးကြောင်း Niraj de Mel ကသုံးသပ်လိုက်တယ်။TEA  က ယခုအခါ စိုက်ပျိုးရေးနဲ့ လူသားအခွင့်အရေးဝန်ကြီး Mahinda Samarasinghe ကို လက်ဖက် ခြောက်လွတ်လပ်စွာ တင်သွင်း ခွင့်ဖြစ်နိုင်ခြေကို လေ့လာသုံးသပ်သွားဖို့ တောင်းဆိုလိုက်ပြီး ဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်ပိုင်းမှာ ပြောကြားသွား မှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။Source:news.in.msn.com  အေးမွန်မွန်လှိုင်