ဘင်္ဂလားဒေ့ရှ်က ထိုင်းဆန်တင်သွင်းတာ ပမာဏတိုးဖွယ်မရှိ
ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ငါးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ နှစ်ဆတက်ဖို့ သဘောတူညီ ထားကြ ပေမယ့်ဘင်္ဂလားဒေ့ရှ်မှာ စပါးအမြောက်အမြားထွက်ရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထိုင်းဆန်တင်ပို့မှုဟာ ယခင်နှစ် ပမာဏ နည်း တူ ယခုနှစ်မှာလည်း တန်ချိန် ၂၅၀၀၀၀ သာရှိနေမယ်လို့ သိရပါတယ်။ ယခုနှစ်မှာ ထိုင်း ဆန်တန် ၁ သန်းအထိ တိုးမြှင့်တင်သွင်းဖို့ ထိုင်းနိုင်ငံက တောင်းဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ယခင်နှစ် ပမာဏအတိုင်း တင်သွင်းမယ် လို့ ပြောကြားပြီး၊ ထိုင်းရဲ့ တင်ပြချက်ကို လက်ခံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ၂ လအတွင်း အော်ဒါသစ်မှာမယ့် အချိန်မှာ ဆန်တင်သွင်းမှု တိုးမယ်၊ မတိုးဘူးဆိုတာ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှ ၂၀၁၂-၁၃ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေါင်းဆန်တန်ချိန် ၁ သန်းတင်သွင်း ဖို့ နားလည်မှု စာချွန် လွှာ (MOA)ရေး ထိုးထားကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံဟာ အလားတူ နားလည်မှု စာချွန်လွှာများကိုလည်း အင်ဒိုနီးရှားနဲ့ ၅ နှစ်အတွက် လည်းကောင်း၊ ဖိလစ်ပိုင်နဲ့ သုံးနှစ်အတွက်လည်းကောင်း ပျမ်းမျှ ဆန်တန်ချိန် တစ်သန်းတင်ပို့ဖို့ လက်မှတ် ရေးထိုးထားပါတယ်။ မကြာသေးခင်က ထိုင်းစီးပွားကူးသန်းဝန်ကြီး Boonsong Teriyapirom ဦးဆောင်တဲ့ ထိုင်းကုန်သွယ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဒူဘိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပြီး၊ ဆန်တင်ပို့မှုအတွက်သာမက ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်ပါ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က ဘင်္ဂလားဒေ့ရှ်ဟာ ထိုင်းကို ဈေးကွက်ဈေးနှုန်း ထက်ပိုပေးခဲ့တာကြောင့် ထိုင်းဆန်ကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းခဲ့ကြောင်း Boonsong မှ ဆိုပါတယ်။ ယခုနှစ်ဆန်ဈေးက ယခင်နှစ်ထက် အနည်းငယ် ပိုမိုပါတယ်။ ထိုင်းအစိုးရမှ အစိုးရအချင်းချင်း စာချုပ်ချုပ်ဆို မှုအရ ဆန်ရောင်းချရေး အလေးထားနေတယ်လို့ ၎င်းက ဆိုပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ထိုင်းနဲ့ အခြားနိုင်ငံများ အကြား နားလည်မှု စာချွန်လွှာရေးထိုးရေး ညှိနှိုင်းနေပါတယ်။ ထိုင်းဆန်တင်ပို့မှုဟာ တန်ချိန် ၈ ဒသမ ၅ သန်းအထိ ရောက်ရှိမှာဖြစ်ပြီး၊ ၎င်းတို့အနေနဲ့ ပိုမိုကြိုးစားရင် ရည်မှန်းထားတဲ့ တန်ချိန် ၉ ဒသမ ၅ သန်းအထိ ရောက်ရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ၎င်းင်းကဆိုပါတယ်။ ယခုနှစ်အတွက် ဆန်ရောင်းချဖို့ ၇ လ - ၈ လခန့်ရှိနေသေးတာကြောင့်လို့ ဆိုပါတယ်။ ထိုင်းဆန်တင်ပို့သူများအသင်းရဲ့ စာရင်းအရမေလ ၁၉ ရက်အထိစုစုပေါင်းဆန်တင်ပို့မှု တန်ချိန် ၂ ဒသမ ၆၁ သန်း ရှိပြီဖြစ်ပြီး၊ထိုင်းအစိုးရမှဆန်ဖြူနဲ့ စံပယ်ဆန်များ အလေးထားတင်ပို့ဖို့ တောင်အာဖရိကနဲ့ အခြားအရှေ့အလယ်ပိုင်း နိုင်ငံ တွေကို သွားရောက်ဦးမယ်လို့ ဆိုပါတယ်။ လမင်း၊Source: riceonline
