ကမ္ဘောဒီးယားဆန် ထုတ်လုပ်သူများ၊ တင်ပို့သူများအသင်းတည်ထောင်
ကမ္ဘောဒီးယားဆန် ထုတ်လုပ်သူများနဲ့ တင်ပို့သူများမှ အခြားနိုင်ငံများကိုဆန်တင်ပို့မှုအခြေခံအဆောက်အဦနဲ့ပမာဏ တိုးမြင့်ဖို့အတွက် ကမ္ဘောဒီးယားဆန်ထုတ်လုပ်သူများ၊ တင်ပို့ သူများ မဟာမိတ်အဖွဲ့ (ARPEC) အသစ်အဖွဲ့ ဖွဲ့စည်းလိုက် ကြောင်း သိရပါတယ်။ ARPEC မှ ၎င်းရဲ့ပထမဆုံးအမှုဆောင် ကော်မတီကို ကမ္ဘောဒီးယား အစိုးရကို လက်ရှိအကြံပေးသူ အချို့ ပါဝင်ဖွဲ့စည်း ထားကြောင်း သိရပါတယ်။ ယင်းအဖွဲ့မှတ်ပုံတင်မှုကို မကြာမီပြုလုပ်ဖွယ် ရှိတယ် လို့သိရပါတယ်။ ARPEC ဒုတိယအတွင်းရေးမှူးမှ ပြောကြား ရာမှာ မဟာမိတ်အဖွဲ့မှ တန်ဖိုးကွင်းဆက်အတွင်း အဓိကပါ ဝင်သူများအပြင် အမှုဆောင်ကော်မတီ အဖြစ်ရွေးချယ်ခံထား ရတဲ့ ယခုအရာရှိများပေါင်းစပ်ပြီး တရားဝင်မှတ်ပုံတင်မှုကို ဝန်ကြီးဌာနမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ARPEC ဟာ ယခုအခါ ထိုင်းဆန်တင်ပို့သူ များအသင်း ရဲ့ထောက်ပံ့မှုရရှိနေပြီး နိုင်ငံများအကြား ဆန်ကုန်သွယ်မှုမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့ကို မကြာမီ ဗီယက်နမ်စားနပ် ရိက္ခာအသင်းနဲ့ အလားတူတရုတ်တို့နဲ့ လည်း ဆက်သွယ်ရေး မှာ အောင်မြင်မှုရအောင် ဆောင်ရွက်သွားရမယ်လို့ ၎င်းင်းက ဆိုပါတယ်။ လမင်း၊Source: oryza.com
