Main menu

Background

မတ်ပဲတင်ပို့မှု ယခင်သီတင်းပတ်ထက်လျော့ပေမဲ့ တန်နှစ်သောင်းနီးပါးပို့နိုင်

Mon, 06/04/2012 - 04:16 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေက တန်ချိန် နှစ်သောင်းအထက်ထိ တင်ပို့မှုအားကောင်းခဲ့ရာ ယခုတစ်ပတ်မှာတော့ အနည်းငယ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မေ ၂၁ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ စုစုပေါင်း တန်ချိန် ၁၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာ နှစ် မေလ ၂၅ ရက်အတွင်း စုစုပေါင်း တင်ပို့ပြီးစီးမှုကိုကြည့်ရင် တန်ချိန် တစ်သိန်း နှစ်သောင်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၆၄ သန်းနီးပါး ရရှိခဲ့ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပမာဏအားဖြင့် တန်ချိန် ၉၄၀၀၀ ကျော်မှ ကန်ဒေါ်လာ ၈၈ သန်းနီးပါးရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် နှစ်သောင်းကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ယခင်နှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၂၀ ကျော်လျော့ကျကြောင်းတွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်းတင်ပို့မှုလျော့ ကျဖွယ်ရှိနေပါတယ်။                                                                                MIRT - MAPT