ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲဈေးအေးနေပါ တယ်။ အိန္ဒိယရူပီးတန်ဖိုး ဆက်လက်ကျ ဆင်းနေခြင်းကြောင့် တင်သွင်းမတ်ပဲဈေး ကြီးမြင့်လာတဲ့အတွက် ဝယ်ယူမှုနည်းပြီး ဈေးအေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းသူများမှလည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် တင်သွင်းမှု လျော့ကျ လာရာ မေ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာ မတ်ပဲကွန်တိန်နာ ၂၅ လုံးသာ ဝင်ရောက်တယ်လို့သိရပါတယ်။ ဒါပေမဲ့ အင်ဒရာပရာဒေ့ရှ် အများပြည်သူရောင်းချရေးေ ကာ်ပိုရေးရှင်းမှလာမယ့်ရက်တွေမှာ ပဲမျိုးစုံတန်ချိန် ၂ သိန်းဝယ်ယူမယ့် တင်ဒါ အလားအလာရှိခြင်းကြောင့် ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက် ပါတယ်- ဒေါ်လာ/ တန် ၃၁-၅-၂၀၁၂ ၃၀-၅-၂၀၁၂ ၂၉-၅-၂၀၁၂ ၂၈-၅-၂၀၁၂မွန်ဘိုင်း(မြန်မာမတ်ပဲ) - ၅၇၆ ၅၇၆ ၅၆၁ ဒေလီ ၅၈၅ ၅၈၉ ၅၉၄ ၅၉၇ချန်နိုင်း(မြန်မာမတ်ပဲ) ၅၈၅ ၅၉၄ ၅၉၈ ၆၁၁MIRT(MAPT)
Background