ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က ပဲစင်းငုံတန် ၆၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၂၅-၃၁ ရက်)အတွင်းမှာတန်ချိန် ၁၁၀၀၀ ကျော်ထိ တစ်ဆခန့် ပိုမိုခဲ့ပါတယ်။ အိန္ဒိယကုန်သည်များလက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲစင်းငုံဝယ်လိုအား ကောင်းလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရူပီးတန်ဖိုး ကျဆင်းမှုနဲ့ အပြောင်းအလဲဖြစ် မှုမြန်တာကြောင့်ဝယ်လက်များက ဝယ်ယူလိုတဲ့ ပမာဏလောက် မဝယ်ယူကြသေး ဘူးလို့ သိရပါတယ်။ ရူပီးတန်ဖိုးပြန်ခိုင်မာလာရင် ယခုထက်ပိုမို အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဝယ်လိုအားကောင်းလာလို့ ရန်ကုန် FOB ပဲစင်းငုံဈေးများယခင်တစ်ပတ် ထက် ပိုလာခဲ့ပါတယ်။ ဒေါ်လာ/တန် ငုံနီ(အဟောင်း) ဖြူနီ၊အဖြူ(အဟောင်း) ငုံနီ(အသစ်) ဖြူနီ၊အဖြူ(အသစ်)၁-၆-၁၂ ၅၄၀-၅၆၀ ၄၂၀-၄၄၀ ၅၇၀-၅၈၀ ၄၈၀-၅၀၀၂၅-၅-၁၂ ၅၃၀-၅၅၀ ၄၁၀-၄၃၀ ၅၆၀-၅၈၀ ၄၇၀-၄၉၀MIRT(MAPT)
Background