Main menu

Background

ပဲစင်းငုံဝယ်ယူမှုအသစ်ထွက်လာတာကြောင့် ယခုတစ်ပတ် အိန္ဒိယဈေးကွက် ဈေးမြင့်တက်

Mon, 06/04/2012 - 04:33 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်များနဲ့ ကုန် သည်များ အဝယ်အသစ် ထွက်လာတာကြောင့် ပဲစင်းငုံဈေးမြင့်တက်လာခဲ့ပါ တယ်။ ပြည်တွင်းဖြန့်ဖြူးဖို့ အဝယ်တင်ဒါရှိနေတဲ့အပြင် ရူပီးတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် ပဲစင်းငုံဈေး သိသိသာသာ ပိုလာခဲ့ပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းပါး သွားပြီ ဖြစ်လို့ မြန်မာနိုင်ငံနဲ့ အာဖရိကပဲစင်းငုံများ ဆက်တိုက်တင်သွင်းလျက်ရှိရာ မေလ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မာလာဝီပဲစင်းငုံကွန်တိန်နာ ၂၅ လုံး ၊ မြန်မာ ပဲစင်းငုံ ၁၅ လုံး၊ မိုဇမ်ဘစ်မှ ၁ လုံး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                      ၃၁-၅-၂၀၁၂    ၃၀-၅-၂၀၁၂    ၂၉-၅-၂၀၁၂    ၂၈-၅-၂၀၁၂မွန်ဘိုင်း                 -                  ၆၄၇               ၆၅၂              ၆၅၁ဒေလီ                  ၆၅၆               ၆၆၁               ၆၆၆              ၆၇၀ချန်နိုင်း                ၆၄၃               ၆၄၇               ၆၄၈              ၆၆၁MIRT(MAPT)