Main menu

Background

အိန္ဒိယပြည်တွင်းပဲ အထွက်လျော့တာကြောင့်ပဲစင်းငုံဈေးနှုန်း ဆက်လက်မြင့်တက်နိုင်

Mon, 06/04/2012 - 04:38 -- Anonymous (not verified)

    ပဲစင်းငုံစိုက်ပျိုးတဲ့ အိန္ဒိယနိုင်ငံပြည်နယ်များမှာ မိုးရွာသွန်းပြီး၊ သီးနှံထိခိုက်ခဲ့တဲ့ အတွက် ပြည်တွင်းပဲ အထွက်လျော့လာကာ လာမယ့်ကာလတွေမှာပဲစင်းငုံဈေးနှုန်း မြင့်တက်ဖွယ်ရှိနေပါတယ်။ ပြည်တွင်းဈေးကွက်များမှာ ပြည်ပတင်သွင်းပဲ အပေါ် မှီခိုရမှာဖြစ် လု့ိ ရူပီးတန်ဖိုး စံချိန်တင်ပမာဏကို ကျဆင်းနေခြင်းက တင်သွင်း ပဲဈေး တွေကြီးမြင့်လာဖို့ ဖြစ်နေပါတယ်။    ကုန်သည်တွေရဲ့ ပြောကြားချက်အရ ယခုနှစ် ပဲစင်းငုံရရှိနိုင်မှုဟာ ပြည်တွင်း ထွက် ပဲတန်ချိန် သိန်း ၂၀ အပါအဝင် စုစုပေါင်း တန် သိန်း ၃၀  ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တန်ချိန် ၅ သိန်းခန့် တင်သွင်းရဖွယ်ရှိပြီး၊ နောက်ထပ်တန်ချိန် ၅ သိန်းမှာ လက်ကျန်ပဲများဖြစ်တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံဝယ်လိုအားဟာ ရရှိနိုင်မှု ထက် ပိုမိုကျော်လွန်လာခြင်းနဲ့အတူ ပဲတင်သွင်းမှုအပေါ် မှီခိုရတာလည်း ပိုမိုမြင့် တက်လာမှာဖြစ်ပါတယ်။     လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ဒေါ်လာ ဈေးနှုန်းနဲ့လဲလှယ်တဲ့ ရူပီး တန်ဖိုးက အကျဘက် ဆင်းနေခဲ့တယ်လို့ ကုန်သည်  Mr  Ujjwal  Naigam   မှ ဆိုပါတယ်။ အမှန်တော့ ရူပီးတန်ဖိုးကျဆင်းခြင်းကြောင့် လွန်ခဲ့တဲ့ တစ်ပတ် အတွင်းပဲစင်းငုံတစ်တန်ကို ရူပီး ၅၀၀၀(ကန်ဒေါ်လာ ၈၈)ကျော်မြင့်တက်လာ စေခဲ့ ပါတယ်။ လက်ရှိ ပဲစင်းငုံဈေးက တစ်တန် ရူပီး ၄၀၂၅၀ (ကန်ဒေါ်လာ ၇၁၃) ရှိနေပါတယ်။ တစ်ချိန်ထဲမှာ ပဲမျိုးစုံနဲ့ ပဲမျိုးစေ့ဈေးက မေ ၃၀ ရက်မှာ တည် ငြိမ်နေပါတယ်။ မဟာရပ်ရှ်တရာ ပဲစင်းငုံ တစ်တန် ရူပီး  ၃၉၂၅၀-၃၉၅၀၀ (ကန်ဒေါ်လာ ၆၅၉-၇၀၀) ရှိပြီး၊ နီမာရီ ပဲစင်းငုံက ရူပီး ၃၀၀၀၀ - ၃၂၀၀၀ (ကန်ဒေါ်လာ ၅၃၁-၅၆၇)ရှိနေပါတယ်။ အလားတူ ပဲစင်းငုံခွဲခြမ်းဈေးမှာ ရူပီး ၅၈၀၀၀-၅၉၀၀၀ (ကန်ဒေါ်လာ ၁၀၂၇-၁၀၄၅)ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: businessline