Main menu

Background

ပင်လယ်ရေကြောင်းက ပဲတီစိမ်းပုံမှန်ပမာဏနဲ့ သွားနေ

Mon, 06/04/2012 - 04:45 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ပုံမှန်ပမာဏအတိုင်းသာ သွားနေပါတယ်။ ယခင်တစ်ပတ် အလားတူ မေ၂၁-၂၅ ရက်အတွင်းမှာလည်းတန်ချိန် ၉၂၀၀ ကျော်သာတင်ပို့မှုရှိခဲ့ပါတယ်။အဓိကတော့ ဗီယက်နမ်မှတစ်ဆင့် တရုတ် ကို တင်ပို့မှုများကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်တွေက ပြည်တွင်းမှာ ပဲတီစိမ်းအသစ်ထွက်နေလို့ အရည်အေ သွး ကောင်းတဲ့ ပဲတီရွှေဝါ တချို့သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။     ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၂၅ ရက်အထိ ပြည်ပကို စုစုပေါင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုမှာ တန်ချိန် ၆၆၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၄၉ သန်းကျော်သာရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၉၄၀၀၀ ကျော်မှ ရရှိတဲ့ ကန်ဒေါ်လာ ၅၇ သန်းနီးပါးနဲ့ ယှဉ်ရင် ဝင်ငွေများစွာလျော့နည်းတာတွေ့ရပါတယ်။                      MIRT - MAPT