အိန္ဒိယပြည်တွင်းမှာ နွေစိုက်ပဲတီစိမ်းတွေ အသစ်ဝင်လာပြီဖြစ်လို့ ပြည်တွင်းပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေပါတယ်။ နွေပဲတီစိမ်း စိုက်ပျိုးမှုက ယခင်နှစ်ထက် ပိုမိုပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ရေသွင်းဖို့ ပြဿနာရှိလို့ ပဲအထွက်က တစ်ဧကကို ကီလို ၅၀၀-၈၀၀ အတွင်းသာ ထွက် နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေကိုဝင်ရောက်မှု တိုးလာတော့မှာ ဖြစ်လို့ ပဲတီစိမ်းဈေးနှုန်း အားပျော့ဖွယ် ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၃၁-၅-၂၀၁၂ ၃၀-၅-၂၀၁၂ ၂၉-၅-၂၀၁၂ ၂၈-၅-၂၀၁၂မွန်ဘိုင်း(ပဲတီရွှေဝါ) - ၇၅၀ ၇၅၆ ၇၄၆ဒေလီ ၆၉၁ ၆၉၆ ၇၀၂ ၇၀၆ချန်နိုင်း(ပဲတီရွှေဝါ) ၇၈၀ ၇၈၆ ၇၉၂ ၇၉၆MIRT(MAPT)
Background