Main menu

Background

အိန္ဒိယမှာ နွေပဲမျိုးစုံတန်ချိန် ၁ သန်းထိ တိုးထွက်ဖွယ်ရှိ နွေပဲစိုက်ပျိုးမှုတိုးတက်ဖို့ ပိုမိုတွန်းအားပေးမယ်

Mon, 06/04/2012 - 04:54 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာဆောင်းနဲ့မိုးသီးနှံကာလအကြား နွေပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဟာ ယခင်နှစ်ထက် ၁၀ ဆနီးပါး ပိုမို မြင့် တက်ပြီး၊ ယခုရာသီမှာတန်ချိန် တစ်သန်းဝန်းကျင်ထိ ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ မှာ ပဲမျိုးစုံ စုစုပေါင်း တန် ချိန်၁၈ သန်း ထုတ်လုပ်ခဲ့ပါတယ်။ တောင်သူအများစုဟာ မိုးရာသီစိုက်ပျိုးမှု မစတင်မီ ၎င်းတို့မြေများကို ထိန်းသိမ်းထားလိုတဲ့ အတွက် နွေလများမှာ ပဲမျိုးစုံတန် တစ်သိန်းခန့် ထုတ်လုပ်လေ့ရှိပါတယ်။    နွေရာသီမှာ အဓိကစိုက်တဲ့ ပဲကတော့ကုလားပဲနဲ့ပဲတီစိမ်းဖြစ်ပါတယ်။လက်ရှိနွေရာသီ ပဲထုတ်လုပ်မှု မြင့်တက်နေခြင်း က မကြာသေးတဲ့လတွေမှာလက်ကားဈေးနှုန်းဖောင်းပွမှု ဂဏန်း ၂ လုံးထိရှိခဲ့တဲ့ ပဲမျိုးစုံဈေးနှုန်း ကြီးမြင့်မှုကို လျော့ကျလာ စေနိုင်ပါ တယ်။ ဧပြီလ ပဲမျိုးစုံ ဈေးနှုန်းမြင့်တက်မှုဟာ ယခင်နှစ်ထက် ၁၁ ဒသမ ၂၉ ရာခိုင်နှုန်း ပိုမိုပြီး၊ မတ်လထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။    နွေပဲထွက်မလာမီ မတ်လကုန်တိုင်အောင် ယခုနှစ် ကုလားပဲထွက်ရှိမှုက ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း နီးပါးလျော့ပြီး၊ တန်ချိန်၇ဒသမ ၄သန်းရှိမယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ ရောင်းချမှုနည်းခဲ့တာကြောင့် လက်လီ ကုလားပဲဈေးဟာ ယခုနှစ် ဇန်နဝါရီ လနောက်ပိုင်း ၁၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပြီး၊ မေလမှာ တစ်ကီလို ရူပီး ၅၄ (ကန်ဒေါ်လာ သုည ဒသမ ၉၆၆) နီးပါး ရှိခဲ့ပါတယ်။နွေရာသီအတွင်းပဲမျိုးစုံဟာယခင်နှစ်ထက်စိုက်ပျိုးမှုမှာ ၂၈၅ ရာခိုင်နှုန်း ပိုမိုခဲ့တာ ကြောင့် ထုတ်လုပ်မှုလည်း မြင့် တက်မယ့် အလားအလာရှိပါတယ်။    မတ်လတိုင်အောင် အိန္ဒိယစုစုပေါင်းပဲ ထုတ်လုပ်မှု (မိုးနဲ့ဆောင်းအပါအဝင်)ဟာ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ၆ ရာခိုင်နှုန်းခန့် လျော့ကျပြီး၊တန်ချိန် ၁၇ ဒသမ ၀၂သန်းဝန်းကျင်ရှိမယ်လု့ိခန့်မှန်းခဲ့ပါတယ်။ဒါပေမယ့်နွေပဲထုတ်လုပ်မှု သိသိသာသာ တိုးတက် ဖွယ်ရှိခြင်းကြောင့်စုစုပေါင်းတစ်နှစ်လုံးပဲထုတ်လုပ်မှုဟာမနှစ်က စုစုပေါင်းထွက်ရှိတဲ့ တန်ချိန် ၁၈ ဒသမ ၂၄ သန်းကို ကပ်လိုက်ပြီး၊ တန်ချိန် ၁၈ သန်းကိုအနည်းငယ်ကျော်လွန်ဖွယ်ရှိတယ်လို့သိရပါတယ်။ တရားဝင်ခန့်မှန်းချက်တွေအရ ယခုနှစ်နွေပဲ မျိုးစုံ အများဆုံး စိုက်ပျိုးတာကတော့ဘီဟာ၊တမီလ်နာဒူးနဲ့ သြရိသတို့ဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိကြီး တစ်ဦးက တောင်သူ တွေ အပိုဝင်ငွေရရှိ စေဖို့ အားလပ်ရာသီ အတွင်း ပဲမျိုးစုံ ပိုစိုက်ကြဖို့ တောင်သူများကို တွန်းအားပေးဖို့ အစိုးရမှ ကြိုးစားမယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့ ၃-၄ နှစ်က နွေလတွေမှာ ပဲထုတ်လုပ်မှု တိုးတက်ဖို့နဲ့ ပတ်သက်လို့ အလေးထားဆောင်ရွက်ခဲ့လို့ ၎င်းတို့ရဲ့ ကြိုးပမ်းမှုရလဒ်များကို ဒီနှစ်မှာ ခံစားလာခဲ့ခြင်းဖြစ်တယ်လို့ အစိုးရအရာရှိများက ဆိုပါတယ်။ အလားတူ နွေရာသီအတွင်း ပဲစိုက်ပျိုးဖို့လိုအပ်တဲ့ဆောင်ရွက်မှုတွေကို အထူးစီမံကိန်းများနဲ့ လယ်ကွင်းအရောက် ဆောင်ရွက်မှု တွေများမှာ ဦးဆောင်ခဲ့ ကြောင်း လည်း ၎င်းတို့မှပြောကြားပါတယ်။    ဆောင်းရာသီအတွင်း ရာသီဥတုအေးခြင်းနဲ့အတူ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုတွေရှိလို့ နွေပဲစိုက်ပျိုးမှု တိုးတက်ဖို့အကူအညီဖြစ်စေခဲ့ပါတယ်။ဆောင်းရာသီတာရှည်ခံပြီးဧပြီလမှာ ပုံမှန်အေးခဲ့တဲ့အပြင်  အခြားအကြောင်း အရာ အားလုံး တို့ကြောင့်နွေပဲမှာစိုက်ဧရိယာတိုးတက်လာတာပါလို့ အခြားအရာရှိတစ်ဦးကဆိုပါတယ်။ အချို့ဒေသတွေမှာ နွေလပိုင်းမှ ပဲမျိုးစေ့ များ ပြတ်လပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။                                      ယမင်းရွှေစင်၊Source: Business  tiems