ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်လို့ FOB ဈေးကွက်မှာ အရောင်း\အဝယ် ဖြစ်မှုေ ရာ ပြည်ပတင်ပို့မှုပါ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့မှု အနေနဲ့ မေလ ၂၁ ရက်မှ ၂၅ ရက် အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၄၆၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်း တင်ပို့ပြီး စီးမှုအနေနဲ့ တန်ချိန် ၂၇၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၉ သန်းကျော်ရရှိထား ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ စုစုပေါင်း တန်ချိန် ၁၉၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၄ သန်းနီးပါး ရရှိထားကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ ပြည်ပဝယ်လိုအားကောင်းပေမဲ့ ရောင်းလို အားနည်းတာကြောင့်မေလ ၂၅ ရက်မှ ၃၁ ရက်အတွင်း စုစုပေါင်းတန်ချိန် ၉၀၀ ကျော်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကတော့ အရောင်း အဝယ်ဖြစ်မှုနည်းသလို ဈေးလည်းငြိမ်နေရာ ဇွန်လ ၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background