Main menu

Background

ရာသီဥတုကြောင့် အောင်ပန်း ချင်းဈေးကွက်ကို ချင်းအဝင်နည်း

Mon, 06/04/2012 - 05:09 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တွေ အဝင်နည်းနေတယ်လို့ ဆိုပါ တယ်။ မိုးရွာနေပြီဖြစ်လို့ တူးရခက်လာတာကြောင့် အဝင်နည်းလာတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ချင်းဈေးကလည်း သိပ်မကောင်းတာ ကြောင့် တောင်သူတွေ လက်ထဲမှာလည်း အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။ ဒီလိုမိုးရွာပုံမျိုးနဲ့ဆိုရင် ဇွန်လ လောက်မှာတောင် ချင်း(ဥမ)တွေ ကို ပြန်ဖော်လို့ရနို င်ပြီလို့လည်း တောင်သူ တွေကဆိုပါတယ်။ ဥမတွေဈေးကွက်ကို ဝင်လာရင်တော့လက်ကျန်ချင်းတက်တွေ ကို ပြုတ်ခြောက် အဖြစ်ပြုလုပ်ရတော့မယ်လို့လည်း သိရပါတယ်။ လတ်တလောမှာ တော့ ချင်းအဝင်က တစ်ရက်ကို ပိဿာချိန် ၃၁၀၀ ခန့်သာအဝင်ရှိနေပါတယ်။ ချင်းထိုးသမားတွေကလည်း တစ်ခါမှာယူရင် ပိဿာချိန် ၃၀၀၀၊ ၄၀၀၀ ခန့်သာ မှာယူနေတာကြောင့် မနှစ်ကလောက် ရောင်းအား မသွက်ဘူးလို့လည်း သိရပါ တယ်။ ဒီထက်ပိုပြီး ချင်းဈေးတက်နိုင်တယ်လို့ ခန့်မှန်းကြပေမယ့် အခုချိန်ထိတော့ ချင်းဈေးကငြိမ်နေပါတယ်။ ချင်းခြောက်ကလည်း တစ်ရက်ကို ပိဿာချိန် ၅၀၀ ခန့်သာ အဝင်ရှိတယ်လို့ သိရပါတယ်။    ဒီတစ်ပတ်ချင်းဈေးတွေကတော့ ချင်းစိုတစ်ပိဿာ ၂၀၀ ကျပ် - ၂၅၀ ကျပ် - ၃၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် ကတော့ တစ်ပိဿာ  ၁၀၀၀ ကျပ်ဈေးရှိပါ တယ်။ဧဧခိုင်