Main menu

Background

ဈေးအေးနေတဲ့ ရှမ်းနနွင်း

Mon, 06/04/2012 - 05:45 -- Anonymous (not verified)

    ဒီတစ်ပတ် နနွင်းဈေးကွက်ကလည်း ခပ်အေးအေးသာရှိပါတယ်။ ဟိုပုံးနနွင်းတွေက ဒေသတွင်းမှာ လှောင်လက်တွေသာ ဝယ်ယူမှုရှိပါတယ်။ နနွင်းအဝင်ကတော့ အဝယ်ရှိရင် အဝင်ရှိသလို၊ အဝယ်မရှိရင်တော့ အဝင်ကလည်းမရှိပါဘူး။ လှောင်လက် အချို့ကတော့ ဈေးကျနေတဲ့အချိန်မှာဝယ်ပြီးထပ်ထားကြပါတယ်။ ပြည်ပ ဝယ်လိုအားမရှိတဲ့အတွက် အရောင်းအဝယ် သိပ်များ များမဖြစ်ဘူးဆိုပေမဲ့ ပြည်တွင်းသုံးအတွက် ပြည်၊ မုံရွာ၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်စတဲ့ ဒေသတွေက ဝယ်ယူ နေတာကြောင့် ဧပြီလအတွင်းမှာ ပိဿာချိန် ၁၂၃၀၀၀ ခန့် စီးဆင်းသွားတယ်လို့သိရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက် ဈေးက ဟိုပုံးနနွင်းကတစ်ပိဿာ ၆၀၀ ကျပ်၊ အောင်ပန်းဈေးကွက်မှာ ရိုးရိုးနနွင်းက ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ နနွင်းခေါင်းက ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိပါတယ်။                  ဧဧခိုင်