Main menu

Background

အဝယ်မှာယူမှု အသစ်မရှိလို့ အိန္ဒိယနနွင်းဈေးဆက်လက်ကျဆင်းလာ

Mon, 06/04/2012 - 05:47 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပြည်ပအဝယ်မှာယူမှုအသစ်မရှိခြင်း၊ ထုတ်လုပ်မှုမြင့်တက်ခြင်းနဲ့ လက်ကျန် များနေခြင်းများကြောင့် နနွင်းဈေး ဆက်လက်ကျဆင်းနေပါတယ်။ လက်ငင်းဈေးကျဆင်းခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း လျော့ကျ တယ်လို့သိရပါတယ်။ ဈေးနှုန်းနေ့စဉ်ကျဆင်းနေတာကြောင့် နနွင်းစိုက်ပျိုးသူများနဲ့ ကုန်သည်များ အခက်အခဲဖြစ်နေ တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။    မေလ ၃၀ ရက် အမှုန့်လုပ်တဲ့နနွင်းဈေးလည်းတစ်တန်ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၅၄) ခန့် ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ နနွင်းအရည်အသွေးကောင်းဝင်ရောက်မှုလည်းကျဆင်းခဲ့တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကုန်သည်များမှ နနွင်း ဝယ်ယူမှုရှိခဲ့ပေမယ့် ၎င်းတို့မှာအမြောက်အမြားဝယ်ယူပြီးဖြစ်လို့ ဈေးမြင့် တက်အောင် စောင့်နေကြတယ်လို့ လှောင်လက်များက ဆိုပါတယ်။ နိုင်ငံအတွင်း အခြားဈေးကွက်တွေမှာ ဈေးကျဆင်းနေတာကြောင့် ကြိုပွိုင့်ဈေးလည်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ ဈေးအနိမ့်မှာရောင်းချဖို့ နှောင့်နှေးလျက်ရှိတယ်လို့ဆိုပါတယ်။  လှောင်ထားတဲ့ နနွင်းရဲ့ ၇၀ ရာခိုင်နှုန်း ခန့်မှာ ရောင်းချဖို့ ဈေးကွက်တွေကို ရောက်ရှိပေမယ့် အဓိကအားဖြင့် ဝယ်လက်များက အရည်အသွေးကောင်း နနွင်းများကို  ပိုနှစ်သက်ကြတယ်လို့ဆိုပါတယ်။     တောင်သူများက အရည်အသွေးကောင်းနနွင်းများကို ကိုင်ဆောင်ထားဆဲဖြစ်တယ်လို့ ဝယ်လက်များက ဆိုပါတယ်။ အိန္ဒိယ မြောက်ပိုင်းကုန်သည်များက အရည်အသွေးကောင်းတွေကို လိုချင်နေကြလို့ ဈေးကွက်ထဲ အရည်အသွေးကောင်း နနွင်းဝင်လာဖို့ စောင့်နေကြတယ်လို့ဆိုပါတယ်။ ဈေးကွက်တွေမှာ နနွင်းသိုလှောင် လက်ကျန်တွေ များနေတာကြောင့် နောက် ၁ လ၊ ၂ လတိုင်အောင် လက်ရှိဈေးတစ်တန် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၁၅) အောက်မှာဘဲ ရှိနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ အီရော့နနွင်းကုန်သည်များဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၂၃၁၉၀-၃၅၁၀၀ (ကန်ဒေါ်လာ ၄၁၄-၆၂၇) ရှိပြီး နနွင်းဥဈေးက ရူပီး ၂၁၉၉၀၀-၃၃၉၉၀ (ကန်ဒေါ်လာ  ၃၉၃-၆၀၇) ဈေးရှိတယ်လို့သိရပါတယ်။ယမင်းခင်Source: businessline