Main menu

Background

အိန္ဒိယ ကြက်သွန်နီ တင်ပို့မှု အရည်အသွေးပြဿနာများ ဖြစ်ပေါ်

Mon, 06/04/2012 - 05:51 -- Anonymous (not verified)

    အိန္ဒိယကြက်သွန်နီတင်ပို့သူများဟာ ပြည်ပဝယ်လက်များမှ အရည်အသွေးပြဿနာများနဲ့ ပတ်သက်လို့ ပြောကြားမှု တွေကြောင့်၎င်းင်းတို့ပို့ကုန်များ ပြန်လည်သိမ်းယူမှုစတင်ရတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု ၁၀ ခုအနက် ၆-၇ ခုနဲ့ ပတ်သက် လို့ အရည်အသွေးပြဿနာစောဒကတက်ခြင်းခံရတယ်လို့ ကြက်သွန်နီတင်ပို့တဲ့ United  Pacific  Agro ကုမ္ပဏီမှ ဒါရိုက်တာ Mr  Rupesh  Jaju  မှ ပြောကြားပါတယ်။    တင်ပို့မှုလေးခုမှာ ငြင်းပယ်ခံရတယ်လို့လည်း သိရပါတယ်။ စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်းနဲ့ အခြားပင်လယ်ကွေ့ နိုင်ငံများမှ ဝယ်သူများ မှ အရည်အသွေးပြဿနာကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ နွေရာသီအတွင်း အပူချိန် မြင့်တက်ခဲ့ တာကြောင့် ယေဘုယျပြဿနာပါပဲ။ အသိအမြင်ကြွယ်ဝတဲ့ ပြည်ပတင်ပို့သူများနဲ့ ဝယ်သူများသာ ဒီပြဿနာကို ကျော်လွှားနိုင်ပါ လိမ့် မယ်လို့ Rajathi  Group   မှ ဒါရိုက်တာMr  Madan  Prakash မှ ဆိုပါတယ်။    မဟာရပ်ရှတရာ၊ ဂူဂျာရတ်နဲ့ အခြားပြည်နယ်များရှိ ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ကြက်သွန် ၇၅ ရာခိုင်နှုန်းခန့်ဟာ အရည်အသွေးနိမ့် ကြက်သွန်များဖြစ်တယ်လို့ သိရပါတယ်။ တောင်သူများက ပျမ်းမျှ အရည်အသွေးရှိတဲ့ ကြက်သွန်များထဲက ကောင်းတဲ့ကြက်သွန်တွေကို ဈေးပိုကောင်းမယ့် မျှော်လင့်ချက်ကြောင့် ရွေးချယ်သိုလှောင်ထားကြတယ်လို့ Mr  Jaju မှ ဆိုပါတယ်။ ဆောင်းရာသီစိုက်ကြက်သွန်များသာ သက်တမ်းပိုကြာတဲ့အတွက် အချိန်ကြာသိုလှောင်နိုင်တယ်လို့ ဆိုပါတယ်။    ယခင်တစ်ပတ်နဲ့ယှဉ်ရင် အရည်အသွေးမြင့် ကြက်သွန်ဈေးက တစ်တန်ကို ရူပီး ၂၅၀-၃၀၀(ကန်ဒေါ်လာ ၄ ဒသမ ၅၃ - ၅ ဒသမ ၄၃) မြင့်တက်ခဲ့ပြီး၊ တစ်တန်ကို ရူပီး ၅၂၂၀ (ကန်ဒေါ်လာ ၉၄ ဒသမ ၅၉)ရှိပြီး၊ အရည်အသွေးနိမ့် ကြက်သွန်နီတစ်တန်ရူပီး ၁၉၁၀(ကန်ဒေါ်လာ ၃၅)နဲ့ ပျမ်းမျှဈေးနှုန်းကတော့ ရူပီး ၃၇၉၀(ကန်ဒေါ်လာ ၆၉)ရှိတယ်လို့ သိရပါ တယ်။ အာရှရဲ့ ကြက်သွန်နီဈေးကွက်ကြီးဖြစ်တဲ့ Lasalgaon  စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် ကော်မတီဝင်းမှာ မေလ ၂၅ ရက် အများဆုံး အရောင်းအဝယ်ဖြစ်တဲ့ဈေးက ယခင်တစ်ပတ်လိုဘဲ တစ်တန် ရူပီး ၃၇၀၀ (ကန်ဒေါ်လာ ၆၇) ရှိကြောင်း သိရပါတယ်။    လွန်ခဲ့တဲ့ သုံးရက်အတွင်း မဟာရပ်ရှတရာကို ဝင်ရောက်မှုဟာ ကြက်သွန်နီ တန် ၂၅၈၀၀ ရှိပြီး၊ နောက်သီတင်းနှစ် ပတ်မှာလည်း ဆက်လက်ဝင်ရောက်ဖွယ်ရှိကြောင်း Mr  Jaju  မှ ပြောကြားပါတယ်။ ဇွန်လ အရှေ့ပိုင်းမှာ အရည်အသွေးကောင်း ကြက်သွန်နီ များ ဈေးကွက်ကို စတင်ဝင်ရောက်နေပြီဖြစ်ပြီး ဈေးနှုန်းအမြင့်ဆုံးကို ရောက်ရှိလိမ့်မယ်လို့ Mr. Prakash မှ ပြောကြားပါတယ်။ယမင်းခင်Source: businessline