Main menu

Background

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှုဘဏ် (BIDV)မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မယ်

Mon, 06/04/2012 - 05:56 -- Anonymous (not verified)

         ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှုဘဏ် (BIDV)မှ မြန်မာနိုင်ငံမှာ အဓိကပရောဂျက်တစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ယင်းဘဏ်ဥက္ကဋ္ဌ Nguyen  Bac  Ha မှ မေ ၂၈ ရက်တွင် ဟနွိုင်းကိုရောက်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို လက်ခံတွေ့ဆုံ စဉ်မှာပြောကြားခဲ့ကြောင်း သိရပါတယ်။ BIDV မှ ကြံကြိတ်ခွဲပြုပြင်ခြင်းနဲ့ အရက်၊ အီသနော၊ မြေသြဇာထုတ်လုပ်ဖို့ စက်ရုံတစ်ရုံတည်ဆောက်မယ့် ပရောဂျက်ကို မြန်မာနိုင်ငံက အတည်ပြု လက်ခံမယ်လို့ယုံကြောင်း ၎င်းမှ ပြောကြားပါတယ်။တိုင်းဒေသကြီးဝန်ကြီးချုပ်မှ BIDVရဲ့ ပရောဂျက်အတွက် အတည်ပြုမှုလုပ်ငန်းစဉ်များကို အကောင်းဆုံးဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ် (WB) တို့မှ ကျွမ်းကျင်သူများလည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဘဏ်စနစ်များ ပြန်လည်တည်ဆောက်မှုကို အရှိန်မြှင့်တင် ကူညီပေး မယ်လို့ပြောကြားခဲ့ကြောင်းကိုလည်း ထပ်လော င်းပြောကြားခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဟာ ပြည်ပဘဏ်များကို တံခါးဖွင့်နေပြီဖြစ်ပြီး နိုင်ငံအတွင်း ကိုယ်စားလှယ် ရုံးခွဲထားရှိဖို့ အခွင့်အရေးကောင်း များလည်း ပေးနေပြီဖြစ်ကြောင်း၊ BIDV   ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဖက်ကောင်းများထဲက တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊Source: VOU