Main menu

Background

ထိုင်းဘိလပ်မြေပဲဝင်

Thu, 06/07/2012 - 05:59 -- Anonymous (not verified)

ထိုင်းဘိလပ်မြေပဲဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၈၃၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ငါးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများက စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၆၃၀၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၁၂၀၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် ကတန် ချိန် လေးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ဘိလပ်မြေအစင်  နည်းခဲ့ပါတယ်။                                               MIRT(DOT)နယ်စပ်မှ ဘိလပ်မြေအသွင်းပိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၉၁၄ တန်ကျော်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မှာ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဘိလပ်မြေ တန် ၇၅၀ ပိုမိုတင်သွင်း ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၅ တန်၊ လွယ်ဂျယ် မှ ၄၄၅ တန်ကျော်၊ ချင်းရွှေဟော်မှ ၄၆၁ တန်၊ တာချီလိတ်မှ ၁၂၂၃ တန်နဲ့ မြိတ်မှ တန် ၇၅၀ အသီးသီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မေလမှာ ဘိလပ်မြေ ၈၅၈၂ တန်ကျော်တင်သွင်းထားပြီး ဧပြီလထက် ၂၁၂ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။                                                     MIRT(DOBT)ရာသီချိန်မဟုတ်လို့ အရောင်းအေးနေတဲ့ ဘိလပ်မြေဈေးကွက်    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက အရောင်းအေးသွား တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  မိုးကလည်း နည်းနည်းရွာလာပြီး လုပ်ငန်းတွေလည်း နားနေရတာကြောင့် ဘိလပ်မြေ အရောင်း က အေးသွားရခြင်းဖြစ်တယ်လို့  သိရပါတယ်။ အရောင်းအေးပေမဲ့ ဈေးကမကျဘဲ အရင်ဈေးအတိုင်း ငြိမ်နေတယ် လို့ ပြောပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဘိလပ်မြေ ဈေးက မြင်းခေါင်း ၃၄၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၂၀၀ ကျပ်ပဲဖြစ်ပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ်က ယခင်တစ်ပတ်ထက်စာရင် အေးတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရောင်းအေးပေမဲ့ ဈေးက မကျဘဲ ကြံ့(မြိုင်ကလေး) ဘိလပ်မြေက ယခင်တစ်ပတ် ဈေးထက် ၁၀၀ ကျပ် ဈေးမြင့်လာပြီး ဆင်နဲ့ စိန်ကတော့ ယခင်ဈေးအတိုင်းရှိနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးတွေက ဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန်(ထိုင်း)က တစ်အိတ် ကို ၅၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက အရောင်းအေးလာတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မိုးကလည်း ကောင်းလာတာ ကြောင့် ဘိလပ်မြေရောင်းအားလည်းကျလာပါတယ်။ ဈေးမြင့်နေတဲ့ စိန်(ထိုင်း) နဲ့ ခြင်္သေ့ ဘိလပ်မြေဈေးက တစ်အိတ်ကို လေးငါးရာလောက်ကျလာပြီး မြို့တော်နဲ့ နဂါးဘိလပ်မြေက ပုံမှန်ဈေးပဲရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာရှိနေ တဲ့ ဘိလပ်မြေဈေးမှာ စိန်(ထိုင်း) ၇၄၀၀ ကျပ်၊ ခြင်္သေ့ ၅၀၀၀ ကျပ်၊ မြို့တော် ၄၈၀၀ ကျပ်နဲ့ နဂါး ၅၈၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ  ဘိလပ်မြေက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။  အရောင်းအေးတာကြောင့် ဈေး ကျလာတာမရှိဘူး၊ ဒီအတိုင်းဘဲ အတက်အကျမရှိဖြစ်နေတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)က တစ်အိတ်ကို ၅၇၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေက တစ်အိတ်ကို ၄၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းပစ္စည်းအဝင်နည်းလို့ ဈေးတက်သလို ပြည်တွင်းဘိလပ် မြေများကလည်း အသုံးများလို့ ဈေးအနည်းငယ်မြင့်လာပါ တယ်။ ဈေးကွက်ထဲမှာ ဆင်မင်း(ကျောက်ဆည်) က ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ အရောင်းအ၀ ယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးများက အေသုံးလုံးဘိလပ်မြေ ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၄၀၀ ကျပ်၊ ကျားခေါင်း ၅၅၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ ကျပ်နဲ့ စိန်(ထိုင်း) ၆၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။    MIRT(DOT)