Main menu

Background

ပင်လယ်ရေကြောင်းမှ နို့ဆီအဝင်နည်းပြီး၊နို့စိမ်းအဝင်ပျောက်

Thu, 06/07/2012 - 06:01 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှ  နို့ဆီအဝင်နည်းပြီး၊နို့စိမ်းအဝင်ပျောက်သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၂၀ ရက် မှ ၂၆ ရက်တာကာလအတွင်း နို့ဆီ  အဝင် တန်ချိန် ၁၇၇ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ချိန် ၄၇၀ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ အဝင်အားနည်းခဲ့ပါတယ်။ နို့စိမ်း က ယခင်တစ်ပတ်တန်ချိန် ၃၀၀ နီးပါး တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ နို့စိမ်းအဝင် ပျောက်ခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံ မှ ၁၄၂ ဒသမ ၆၂ တန် တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် ၂၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၆၀ ကျော်လောက် အဝင်နည်း ခဲ့ပါတယ်။MIRT(DOT)နယ်စပ်နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း အသွင်းပိုမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅သန်း တန်ဖိုးရှိ နို့ဆီ ၁၄၉ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၀၀၇ သန်းတန်ဖိုးရှိ နို့စိမ်း ၇ ဒသမ ၅၈၄ တန်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီ ၈ တန်ကျော်နဲ့ နို့စိမ်း ၄ တန်ခန့်  ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မေလမှာ နို့ဆီ ၄၂၄ တန်ကျော်နဲ့ နို့စိမ်း ၄၈ တန်ကျော် တင်သွင်းခဲ့ပါတယ်။မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၉ သန်း တန်ဖိုးရှိ နို့မှုန့် ၄၂ တန်ခန့်ကို အသွင်းရှိ ခဲ့ရာ ယခင်အပတ်ကထက် တန် ၄၀ ပိုမိုတင်သွင်းခဲ့ပါတယ်။ မေလမှာ နို့မှုန့် ၄၅ တန်ကျော် တင်သွင်းထားပြီးဖြစ် တယ်လို့ သိရပါတယ်။ MIRT(DOBT)