Main menu

Background

မူဆယ်မှ အချိုမှုန့် အသွင်းလျော့

Thu, 06/07/2012 - 06:02 -- Anonymous (not verified)

မူဆယ်မှ အချိုမှုန့် အသွင်းလျော့ဖြေလျော့တင်သွင်းခွင့်ပြုပေးထားတဲ့ စားသောက်ကုန် ၅ မျိုးထဲမှ တစ်မျိုး ဖြစ်တဲ့ အချိုမှုန့် ၃၇၃ ဒသမ ၂၇ တန် ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ တင်သွင်းခဲ့ရာ  ယခင်အပတ် နဲ့နှိုင်းယှဉ်ပါက ၆၉ တန်ခန့် တင်သွင်း မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှာတော့ ၉၁ တန်တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၃၁ တန် တင် သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၆၄ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလမှာ၂၂၉၁ တန်ကျော် တင်သွင်းထားပြီးဖြစ်တယ် လို့ သိရပါတယ်။   MIRT(DOBT)