Main menu

Background

တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ထပ်မံ မြင့်တက်ဖွယ်ရှိ

Thu, 06/07/2012 - 06:03 -- Anonymous (not verified)

    တရုတ်နိုင်ငံမှာ ပဲပုပ်ဝယ်လိုအား ဆက်လက်မြင့်တက်နေပြီး၊ ထွက်ရှိမှု ပိုမို လျော့နည်းလာတာကြောင့် မကြာ သေးခင်က ဝယ်ယူတင်သွင်းမှုကို ဖျက် သိမ်းခဲ့တဲ့တိုင် ၂၀၁၁-၁၂ ရာသီအတွင်း ပဲပုပ် တင်သွင်းမှု မြင့်တက်ဖွယ် ရှိ တယ်လို့ ဟမ်းဘတ် အခြေစိုက် Oil  World  မှ လေ့လာဆန်းစစ်သူများက မေ ၂၉ ရက်မှာ  ခန့်မှန်းပြောကြား ပါတယ်။ ၂၀၁၀-၁၁ မှာ တန်ချိန် ၅၂ ဒသမ ၃ သန်း တင်သွင်းခဲ့ပြီး၊ ၂၀၁၁ အောက်တိုဘာမှ ၂၀၁၂ စက်တင် ဘာလ အတွင်း တန်ချိန် ၅၆ ဒသမ ၈ သန်းအထိ တင်သွင်းရဖွယ်ရှိတယ် လို့လည်း ဆိုပါတယ်။    တရုတ်နိုင်ငံရဲ့ဆီထွက်သီးနှံ ထုတ်လုပ်မှု ထပ်မံကျဆင်းမယ့် အလား အလာရှိပြီး၊ ပြည်တွင်းလို အပ်ချက် များ မြင့်တက်နေတာတွေကြောင့် နောက် ရာသီမှာ တင်သွင်းမှု လိုအပ်ချက်က ထပ်မံ မြင့်တက်နေဦးမယ်လို့ ဆိုပါ တယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၁ -၁၂ ပဲပုပ် ထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၁၅ ဒသမ ၀၈ သန်းရှိရာမှ တန်ချိန် ၁၃ ဒသမ ၆ သန်းကို ကျဆင်းတယ်လို့ ဆိုပါတယ်။    တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ကို ဖျက်သိမ်းလိုက်တဲ့အတွက် ကမ္ဘာ့ ပဲပုပ်အများဆုံး ဝယ်ယူတဲ့နိုင်ငံက ဝယ် လိုအား ကျဆင်းမှာကို စိုးရိမ်လာကာ မေလ ၂၄ ရက် ကမ္ဘာ့ဈေးကွက်မှာ ရုတ် တရက်ဈေးကျခဲ့ပါတယ်။ တရုတ်နိုင်ငံ ကလိုအပ်ချက် များနေတာကြောင့် ဈေး အကျမှာ ဝယ်ယူနေတယ်လို့လည်း Oil  World   မှ ဆိုပါတယ်။ယမင်းခင်Source: Oilworld.com