Main menu

Background

နှမ်းလက်ကျန်များ ပင်လယ်ရေကြောင်းက တင်ပို့မှု ပိုလာ

Thu, 06/07/2012 - 06:05 -- Anonymous (not verified)

    ပြည်တွင်းမှာ နှမ်းလက်ကျန်များ လျော့နည်းလာပြီး လှောင်လက်တချို့မှာ သာ ကျန်ရှိတဲ့ နှမ်းကို ယခုတစ်ပတ် ပင်လယ်ရေကြောင်းက တင်ပို့မှုပိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန်ချိန် ၃၀၀ ကျော်သာတင်ပို့ခဲ့ရာမှ မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်းမှာ တန်ချိန် ၉၀၀ ခန့်ထိ တင်ပို့မှု ပိုမိုလာခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ကူဝိတ်၊ မလေးရှားနဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း နှမ်းတန်ချိန် ၆၅၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ သန်း ၁၀ နီးပါးရှိခဲ့ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၃၇၀၀ ကျော်မှ ကန်ဒေါ်လာ ၆ သန်းရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။MIRT - MAPT