Main menu

Background

မတ်ပဲ

Thu, 06/07/2012 - 06:16 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၀၀၀၀၀     ၄၀၀၅၀၀            ၂       မုံရွာ           ၁ ပိဿာ          ၅၈၀         ၆၀၀            ၃    ပြည်             ၁ ပိဿာ           ၆၀၅         ၆၁၀        ၄    ဟင်္သာတ       ၁ ပိဿာ           ၆၁၃         ၆၁၅        ၅    မန္တလေး        ၁ ပိဿာ           ၆၀၀         ၆၀၀   မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်    ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ကျပ် ၄၀၆၀၀၀ နဲ့ အဝယ်ရှိရာက နောက်ပိုင်းမှာ ဝယ်လိုအား အနည်း ငယ်လျော့သွားတာကြောင့် မေ ၂၉ ရက်မှာ ကျပ် ၄၀၂၅၀၀ သို့ ဈေးကျခဲ့ပြီး မေ ၃၀ ရက်မှာ ကျပ် ၄၀၂၀၀၀ သို့ထပ်မံဈေးကျခဲ့ကာ မေ ၃၁ရက်မှာတော့ ၄၀၀၅၀၀ ကျပ်ဈေးသာ ရှိပါတော့တယ်။ မတ်ပဲ ဈေးအခုလို တစ်ရိပ်ရိပ်ဆင်းနေတာကြောင့် ရောင်းသူကုန်သည် များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း လာတယ်လို့ ဈေး ကွက်အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး ဆိုရင် တန် ၃၂၁၅ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်များက ဝယ်အားပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို  ကျပ် ၆၀၀ (တစ်တန်ကို ၃၆၇၄၃၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲကဈေးကွက်သို့အ ဝင်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၁၅ ကျပ်(တစ်တန်ကို ၃၇၆၆၁၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ ဟင်္သာတဈေးကွက်မှာ  မတ်ပဲက ဈေးကွက်သို့အဝင်ပုံမှန် ရှိသလို ရန်ကုန်အဆွဲကလည်း ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၁၅ ကျပ်(တစ် တန်ကို ၃၇၆၆၁၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၅၀၀ မှ ၄၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ခ