Main menu

Background

ဝယ်လိုအား အလားအလာအရ မလေးရှား စားအုန်းဆီဈေး သီတင်း နှစ်ပတ်အတွင်း အမြင့်ဆုံးကို တိုးလာ

Thu, 06/07/2012 - 06:14 -- Anonymous (not verified)

    မူဆလင်နိုင်ငံများရဲ့ ဥပုသ်လဝယ်လိုအား မြင့်တက်မယ့် အလားအလာအရ စား အုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှ ပြည်ပတင်ပို့မှု တိုးတက်နေတာ ကြောင့် စားအုန်းဆီဈေးလေးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး၊ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိလာခဲ့ပါတယ်။ သြဂုတ်လပို့ရမယ့်စာချုပ်ဈေးဟာ၁ဒသမ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ရင်း ဂစ် ၃၁၇၈ (ကန်ဒေါ်လာ၁၀၀၇)ဖြစ်လို့ မေ ၁၅ ရက်နောက်ပိုင်း အမြင့်ဆုံးနဲ့ ဈေးပိတ်ခဲ့ပါတယ်။ ကြိုပွိုင့်ဈေးဟာ မေလအတွင်းမှာ ၈ ဒသမ ၄ရာခိုင်နှုန်းကျဆင်းလာလို့ ယခင်နှစ် ဇွန်လနောက်ပိုင်း အကြီးမားဆုံး ကျ ဆင်းတဲ့လဖြစ်တယ်လို့လည်း သိရပါတယ်။    ယခုလပထမ ၂၅ ရက်အတွင်း မလေးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုဟာ ယခင် လကာလတူထက်၁၀ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၁ ဒသမ ၁၅ သန်း ရှိတယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek   မှ မေလ ၂၅ ရက်မှာ ပြောကြားပါ တယ်။ ယခုနှစ်ဇူလိုင်လမှာစတင်မယ့် ဥပုသ်လနီးကပ်လာတာနဲ့ အဓိကစားသောက်ကုန်နဲ့ စားဆီ သုံးစွဲမှု မြင့်တက်လေ့ရှိပါတယ်။    ပြည်ပတင်ပို့မှု ပိုမိုမြင့်တက်လာတာကြောင့် ဈေးနှုန်းလည်း မြင့်တက်လာတယ်လို့ မွန်ဘိုင်းအခြေစိုက်   Commtrendz  Risk  Management  Service  ဒါရိုက်တာ Gnanasekar  Thiagarajan  က ဆိုပါတယ်။ အစောပိုင်းက  ဈေးနှုန်းကျဆင်းပြီးနောက် ယခုဈေးနှုန်းနဲ့ဈေးကောင်းရဖို့ မျှော်လင့်နေကြတယ်လို့ ၎င်းကဆိုပါတယ်။ အီးယူ အကြွေး အခက်အခဲနဲ့ ပတ်သက် လို့ မျှော်လင့်ချက်မဲ့တဲ့ သတင်းများကြောင့်တော့ ကြိုပွိုင့်ဈေးမြင့် တက်မှု ကန့်သတ်နိုင်တယ်လို့ ၎င်းကဆိုပါတယ်။    အကြီးဆုံးဝယ်လက်ဖြစ်တဲ့ အိန္ဒိယက သန့်စင်ပြီး စားဆီနဲ့ ပတ်သက်လို့ အခွန်တိုး မြင့်စည်းကြပ်လိုက်ပြီးတဲ့ နောက် စားအုန်းဆီကြမ်း တင်သွင်းမှု တိုးတက်လာတော့မယ်လို့ အိန္ဒိယရဲ့ ဒုတိယအကြီးမားဆုံး ဆီတင်သွင်းသူ  Adani  Wilmar  မှ အမှုဆောင်အရာရှိ  Atul  Chaturvedi က ဆိုပါတယ်။ အစိုးရရဲ့ တင်သွင်းခွန်က ဈေးကွက် ဈေးနှုန်းကို ချိတ်ဆက်ခြင်း နဲ့တစ်ပြိုက်နက်သန့်စင်ပြီး စားအုန်းဆီနဲ့ ပဲပုပ်ဆီဈေးများ ပိုမိုကြီးမားလာ မယ်လို့ ဆိုပါတယ်။    အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဆီသန့်စင်သူများကို အကာအကွယ်ပေးဖို့ ၂၀၀၆ ခုနှစ် ကတည်းက ပြောင်းလဲခြင်းမရှိသေးဘဲ အခြေခံစံနှုန်းတင်သွင်းဈေးကိုလည်း တိုးမြင့်နိုင် တယ်လို့ မေ ၃၀ ရက်မှာ အစိုးရအရာရှိ တစ်ဦးက ဆိုပါတယ်။ သန့်စင်ပြီး စားဆီ အတွက်အခွန်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး၊ စားအုန်းဆီကြမ်းကို အခွန် ကောက်ခံခြင်းမရှိဘူးလို့ သိရပါတယ်။    ချီကာကိုမှာ ဇူလိုင်လပို့ရမယ့် ပဲပုပ်ဈေးဟာ သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက် ပြီး၊ တစ်ဘူရှယ်ကန်ဒေါ်လာ၁၃ ဒသမ ၉၃၇၅  (တစ်တန် ကန်ဒေါ်လာ ၅၁၅ ဒသမ ၆၉)ရှိပြီး၊ ပဲပုပ်ဆီဈေးမှာလည်းသုည ဒသမ ၇ ရာခိုင်နှုန်း ပိုမိုကာ တစ်ပေါင် ကန်ဒေါ် လာ ၅၀ဒသမ ၄၇ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၁၁၂)ရှိခဲ့ပါတယ်။ ဒေလီယံကုန်စည် ဒိုင်မှာ စက်တင်ဘာပို့ရမယ့် စားအုန်းဆီဈေးဟာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ယွမ် ၈၀၅၂ (ကန်ဒေါ်လာ ၁၂၇၀)ရှိပြီး၊ ဇန်နဝါရီလအတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ယွမ် ၉၃၆၆ (ကန်ဒေါ်လာ ၁၄၈၂) ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။       ယုဇန၊Source: bloomberg