Main menu

Background

ပြောင်း

Thu, 06/07/2012 - 06:20 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ    ယခင်         ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး       ၁ ပိဿာ    ၃၁၀            ၃၁၅            ၂    လားရှိုး             ၁ ပိဿာ    ၃၉၀            ၃၉၀            ၃    မူဆယ်             ၁ တန်      ၂၇၄၄၇၅    ၂၈၇၅၉၈        ၄    မန္တလေး           ၁ ပိဿာ      ၃၅၂          ၃၆၇ပြောင်းအရောင်းအဝယ်ပုံမှန်ရှိနေ    တောင်ကြီးဈေးကွက်မှာ ပြောင်းကို  ရန်ကုန်-မန္တလေး ဝယ် လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၃၁၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာချိန် ၃၂၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါ တယ်။ လားရှိုးဈေးကွက် မှာ ပြောင်းက လှောင်လက်ကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်အဆွဲကတော့ ပုံမှန် ရှိခဲ့တယ်လို့သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၉၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်မှုများ ခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။ မန္တလေး ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ သလို ရောင်းသူကုန် သည်များကလည်း ဝယ်ဈေးကြိုက်နှစ်သက်လို့ အရောင်းများခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၆၇ ကျပ်ဈေး နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။