Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Thu, 06/07/2012 - 06:24 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ   ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ    ၉၈၇       ၉၉၃                ၂    မကွေး            ၁ ပိဿာ    ၉၆၅       ၉၉၀         ၃    မုံရွာ               ၁ ပိဿာ      ၉၅၈      ၉၆၈        ၄    အောင်လံ        ၁ ပိဿာ      ၉၆၅      ၉၉၀        ၅    မြင်းခြံ            ၁ ပိဿာ      ၉၇၀      ၉၉၀    ၆    ပြည်              ၁ ပိဿာ      ၉၈၀     ၁၀၀၅    ၇    ပခုက္ကူ           ၁ ပိဿာ      ၉၆၈      ၉၈၄ကုလားပဲအရောင်းအဝယ်သွက်လို့ ဈေးစွာ    မကွေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲ ခွဲစက်များက ဝယ်လိုအားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၉၀ ကျပ် (တစ်တန်ကို ၆၀၆၂၆၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက တစ်ပိဿာကို ၉၈၄ ကျပ်(တစ်တန်ကို ၆၀၂၅၉၁ ကျပ်)ဈေးနဲ့နေ့စဉ် အိတ် ၅၀ မှ ၁၀၀ ကြား ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေး ကွက်မှာ ကုလားပဲကို ဒေသတွင်း ပဲခွဲစက်များက ဝယ်အားသွက်လာတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၉၉၀ ကျပ်(တစ်တန်ကို ၆၀၆၂၆၆ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်နဲ့ အမှုန့်ကြိတ် စက်များက ဝယ်လိုအားများလာသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၉၃ ကျပ် (တစ်တန်ကို ၆၀၈၁၀၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၉၀ ကျပ်(တစ်တန်ကို ၆၀၆၂၆၆ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆို ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲ က ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ဒေသတွင်းခွဲစက်နဲ့ အမှုန့် ကြိတ်စက်တွေကတော့ ဝယ်အားပုံမှ န်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၆၈ ကျပ်(တစ်တန်ကို ၅၉၂၇၉၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၄၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရ  ပါတယ်။