Main menu

Background

ကျောက်စိမ်း ဈေးကွက်တွင် ပစ္စည်းရှား၍ လက်ဝယ်ပစ္စည်းကောင်းကိုင်ထားသူ ဈေးခေါ်ရောင်းချရနိုင်ဖွယ်ရှိ

Thu, 06/07/2012 - 06:33 -- Anonymous (not verified)

        ကျောက်စိမ်း ဈေးကွက်အတွင်း ပစ္စည်းရှားနေပြီး   အရောင်းအဝယ် လည်း ပါးနေကြောင်း သိရပါတယ်။ ကျောက်မျက်ရတနာဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  ဦးတင်ဝင်းက "ဈေးကွက်ပါးပြီး  အရောင်းအဝယ် မဖြစ်ဘူး။ ကုန်ကြမ်းလည်း  ရှားနေ တယ်။ ဝယ်တဲ့ကုန်သည်က ပြည်တွင်း ရော တရုတ်နိုင်ငံက ကုန်သည်တွေပါ ဝယ်ကြတာ။ လုပ်ငန်းေ တွ အေးနေ တော့  ဝယ်တဲ့သူလည်း ပါးတာပေါ့။ ပစ္စည်းရှားတဲ့အတွက် ပစ္စည်းကောင်း ကိုင်ထားတဲ့သူ က ဈေးခေါ်ရောင်းလို့ရ မယ်"လို့ ပြောပါတယ်။ယခုလကုန်မှစ၍ ဖားကန့်ကျောက် စိမ်းတွင်းများအားလုံး  ရပ်ဆိုင်းထား ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့ ထံမှ သိရပါတယ်။  ရွှေနဒီဦး  ကျောက်မျက်ကုမ္ပဏီမှ ဦးကျော်ကျော်ဦးက "တွင်းအားလုံးနား ထားရမယ်လို့ကြားတယ်။ သုံးလ (သို့မ ဟုတ်)ငါးလ ရပ်မယ်လို့သိရတယ်။ အခါ တိုင်းက ဇူလိုင်လဒုတိယပတ်မှ မိုးတွင်း ကာလဆို ပိတ်နေကျ။ ဒါတောင် ကျင်း အားလုံးမပိတ်ဘူး။ ဒါကြောင့် ဒီကာလ အတွင်း ပစ္စည်းမရတာနဲ့ လတ်တလော ပစ္စည်းကောင်း ရှားနေတာနဲ့ လက်ဝယ် ရှိတဲ့သူ က  ဈေးကောင်းရနိုင်တယ်လို့ ယူဆရတယ်"လို့ ပြောပါတယ်။ မန္တလေးကျောက်စိမ်းဈေးကွက်မှာ ပစ္စည်းအားလုံး  ဈေးကွက်အေးနေပြီး အချောထည်နဲ့ ပန်းပုထည်များ၊ ပစ္စည်း ရှားချိန် အရောင်းအဝယ်ပြန်ဖြစ်လာနိုင် ပြီး အရိုင်းတုံးဈေးကွက် ကောင်းလာ နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။  ဇူးဇူး