အချိုမှုန့်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်သည့်အချိန်မှစပြီး အချိုမှုန့် များမှာ ဈေးနှုန်း အဆမတန် ကျဆင်းလာပြီး အချိုမှုန့်အစားထိုး ဟင်း ခတ်မှုန့်များလည်း ပြည်တွင်းရော ပြည်ပပါ အမျိုးအစားစုံလင်စွာနဲ့ ဈေး ကွက်အတွင်း အများအပြား၀ င်နေကြောင်း သိရပါတယ်။အချိုမှုန့်ကို ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံများမှ တင်သွင်းမှုရှိပြီး ဂိတ်ကြေးမရှိဘဲ တရားဝင် အခွန်ဆောင်ပြီး တင်သွင်းလာရခြင်းကြောင့် ဈေးနှုန်းကျဆင်းလာကာ ခြောက်လတာကာလအတွင်း ၅၀ ရာခိုင်နှုန်း နီးပါး ဈေးကျဆင်းလာကြောင်း သိရပါတယ်။ ၎င်းအပြင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နိုင်ငံနဲ့ ပြည်တွင်းထုတ် အချိုမှုန့်အစားထိုး ဟင်းခတ်မှုန့်နဲ့ အရည်များ အစားထိုးဝင်လာခြင်းကြောင့်နဲ့ အချိုမှုန့် သုံးစွဲခြင်းအစား ဟင်းခတ်မှုန့် ပြောင်းသုံးလာကြတဲ့အတွက် အချိုမှုန့်သုံး စွဲမှု သိသာစွာကျဆင်းလာခြင်းကြောင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရပါတယ်။မန္တလေးဈေးချိုတော်မှာ အချိုမှုန့် လက်ကားရောင်းချသူတစ်ဦးက "လမ်းပွင့်သွားတော့ တရုတ်ဘက်က အချိုမှုန့်တွေ တစ်အားဝင် လာ တယ်။ ထိုင်းဘက် ဝင်တာနည်းသွားတယ်။ တရုတ်ဘက်က ခုနစ်မျိုး လောက် တွေ့ရတယ်။ အဆံဖွေးပြီးကြည်နေ တာဆို ရောင်းအား ပိုလှ တယ်။ ဈေးကွက်ထဲကို တရုတ်နိုင်ငံလုပ် အချိုမှုန့်က တစ်ရက်ကို ၁၀ တန်ဝင်ရင် ထိုင်းက ၂ တန်ပဲဝင် တယ်။ အရင်က ထိုင်းအချို့မှုန့်ကို ဈေးကွာတော့ သုံးစွဲမှုရှိခဲ့တယ်။ လက်ရှိလည်း နယ်ကလူတွေက မလေး ထုတ် (ဆာဆာ)တံဆိပ်နဲ့ အင်ဒိုနီးရှားထုတ် (ဆာဂျီ) တံဆိပ်ကို သုံးစွဲမှုရှိ နေတော့ အိတ်တံဆိပ်အတုနဲ့ တရုတ်အချိုမှုန့်ေ တွထည့်ပြီး ရောင်းချ လာတာ တွေ့ရတယ်။ တရုတ်တံဆိပ်နဲ့ ထိုင်းတံဆိပ်ကွာတာက ထိုင်း တံဆိပ်မှာ မိုနိုဆိုဒီယမ်ဂလူကိုမိတ်က ၉၉ ရာခိုင်နှုန်း ဆိုဒီယမ် ၁ ရာခိုင် နှုန်းပါဝင်တယ်။ တရုတ်အချိုမှုန့်မှာက မိုနိုဆိုဒီယမ်ဂလူကိုမိတ်က ၈၀ ရာခိုင်နှုန်း၊ ဆိုဒီယမ်က ၂၀ ရာခိုင်နှုန်းပါဝင်တယ်။ တချို့က တရုတ် အချိုမှုန့်သုံးပြီး ငန်တယ်ပြောကြတာ။ ပြန်ထုပ်ပြီးရောင်းတဲ့သူ အချို့က အချို့မှုန့်မှာ Table Salt စားပွဲတင်ဆားထည့်ရော ရောင်းတော့ ပိုပြီး ငန်တော့တာပေါ့။ စားပွဲတင်ဆားတစ်ပေါင် ၄၅၀ ကျပ် ချရောင်းနိုင်တယ်'' လို့ ပြောပါတယ်။တရုတ်တံဆိပ်များမှာ ကြာပန်းနီ၊ အဝါ၊ EPP တံဆိပ်များ ရောင်း အားကောင်းပြီး၊ တစ်အိတ်ကို ၅၅ ပေါင်ထွက်ရှိကာ တစ်ပေါင်ကို ၆၂၅ ကျပ် ဈေးရှိပါတယ်။ ထိုင်းတံဆိပ် (အိုးနဲ့ဇွန်း)တံဆိပ်မှာ တစ်ပေါင်ကို ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ် ဝန်းကျင်ရှိပါတယ်။ အချိုမှုန့်ကို ကျန်းမာရေး အန္တရာယ်အရ စားသုံးမှုနည်းလာခြင်းကြောင့် ဈေးကွက်အတွင်းကို အစားထိုးဟင်းခတ်မှုန့်မျိုးစုံ ၃၀၊ ၄၀ ခန့် ဝင်လာတာ တွေ့ရပါတယ်။"ဟင်းခတ်မှုန့်ကို အစားထိုးသုံးလာကြတဲ့အတွက် ပြည်ပသာမက ပြည်တွင်းက ဟင်းခတ်မှုန့်တွေပါ အများကြီးဝင်လာ တယ်။ ပြည်တွင်း တံဆိပ်လည်း တော်တော်စုံတယ်။ တချို့ဟင်းခတ်မှုန့်တွေကို ထိုင်းသာ ကူမှုန့်၊ ဆား၊ သကြား၊ အချိုမှုန့်ရောပြီး အစားထိုးကြတယ်။ အန္တရာယ် တော့မရှိပါဘူး။ ခုနောက်ပိုင်း အရည်တွေပါ စူပါမားကက်တွေမှာ တင် ထားတာတွေ့ရတယ်။ ဒါလည်း အစားထိုးလာတဲ့ ဈေးကွက်တစ်ခုပေါ့'' လို့ ပြောပါတယ်။ ဇူးဇူး
Background