Main menu

Background

ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း

Thu, 06/07/2012 - 06:46 -- Anonymous (not verified)

    ထိုင်းဝန်ကြီးချုပ်ရုံးမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ နိုင်း အနုစွန်အင်စအတ်က ဝန်ကြီးများအစည်းအဝေး မှာ  နိုင်ငံ တော်စီးပွားရေးနှင့်လူမှုရေးအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရေး ကော်မတီမှ တင်ပြတဲ့အနောက်ဘက် ကမ်းခြေ နဲ့ မြန်မာနိုင်ငံတို့အား ဆက်သွယ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေး နည်းလမ်းများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးမှုများပြု လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီးပွားရေးနဲ့ လူမှုရေး အဖွဲ့ အစည်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီအနေနဲ့ နည်းလမ်းများ တင်ပြရာမှာ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတို့ ပူးပေါင်းပြီး စီမံကိန်းတစ်ခုစီ အဆင်သင့် ဖြစ်နေရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါတယ်။     ပထမဆုံးအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တောင်ဘက်ပိုင်း၌ သင်္ဘောဆိပ်ကမ်း တည်ဆောက်ရေး၊ ထိုင်း-မြန်မာနယ်စပ်ဒေသလမ်းအား (၄) လမ်းသွား လမ်း ဖောက်လုပ်ရေး၊ ထားဝယ်လေဆိပ်နဲ့ ကားလမ်း ဆက် သွယ်ရေး၊ ကုဗမီတာ ၉၃ သန်းဆန့်သော ရေလှောင်ကန် တည်ဆောက်ရေး၊ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး၊ စက်မှုဇုန်အတွင်းရှိလမ်းများအား ရေစုပ်ထုတ်နိုင်သည့် စနစ်ထားရှိရေး၊ ဝန်ထမ်းအိမ်ရာ တည် ဆောက်ရေးတို့ဖြစ်ပြီး လမ်းနဲ့ ဆိပ်ကမ်း တည်ဆောက်ရန် အတွက် ဘဏ္ဍာငွေ ဘတ်သန်း ၉၀၀၀၀ သုံးစွဲရမှာဖြစ်ပါ တယ်။ ထို့ပြင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသ ရေပူစမ်းအရပ်ဖြင့် ဆက်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် ဝန်ကြီးများအဖွဲ့မှ အတည်ပြုပေးခဲ့တယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ှSource: ဒေးလီးနယူးသတင်းစာ၊ မြင့်ဦး