Main menu

Background

၂၀၁၂ ခုနှစ် ပထမ ၅လတာကာလ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ မြေပဲဆံ အများအပြားတင်ပို့

Thu, 06/07/2012 - 06:59 -- Anonymous (not verified)

           လတ်တလော  မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြေပဲဆံ Ground Nut (Huskless)  များ အများအပြား တင်ပို့လျက်ရှိပါ တယ်။ တရုတ်နိုင်ငံဟာ ၎င်းတို့နိုင်ငံတွင်းမှထွက်ရှိတဲ့ စားသုံးဆီများမှာ အရော အနှောများပြားပြီး ကျန်းမာရေးထိခိုက်မှုရှိအောင် ထုတ်လုပ်တဲ့ စက်ရုံ များအား စနစ်တကျစစ်ဆေးအရေးယူမှုများကြောင့် မြေပဲဆီစစ်စစ် ထုတ် လုပ်နိုင်ရေးအ တွက် မြန်မာမှတင်ပို့ေ သာမြေပဲဆံများအား အများအပြား ဝယ်ယူနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်ပြည် သို့ ပို့ကုန်တင်ပို့တဲ့ ကုန်သည်တွေဟာ မန္တလေးဈေးကွက်ကိုဝင်ရောက်နေ တဲ့ ဆီကြိတ်ဆန် ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်ဈေးကွက်သို့ တင်ပို့နေ တယ်လို့ ကုန်သည်အသိုင်းအဝိုင်းကနေတစ်ဆင့်ကြားသိရပါတယ်။ မြန်မာ နိုင်ငံမှတင်ပို့သော မြေပဲဆံများအား တရုတ်ဘက်မှ အဓိက ဆီကြိတ်ရန် အတွက် အများအပြားဝယ်ယူနေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မူဆယ်ဘက် မှ တင်ပို့နိုင် သမျှ မြေပဲဆံများ အားလုံး တရုတ်ဘက်မှ ဆက်တိုက်ဝယ်ယူ လျက်ရှိပါတယ်။ ယခင်နှစ်များမှာ တရုတ်ဘက် မှမြေပဲဆံများအား လက် လီသမားများ သာ အဝယ်များခဲ့ပြီး ယခုနှစ်တွင်မူ လက်ကားသမားများပါ အလုအယက် ဝယ်ယူနေခြင်းကလည်း တရုတ်နိုင်ငံ ရဲ့ မြေပဲဆံဝယ်ယူမှု မြင့်မားလာရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ပြည်ပသို့ ပင်လယ် ရေကြောင်းနှင့် နယ်စပ်ဒေသမှ တင်ပို့ခွင့်မပြုသော ကုန်ပစ္စည်းများသတ် မှတ်သည့်အမိန့်အမှတ် (၁၀/၉၉) ဖြင့် တင်ပို့ခွင့်မပြုသော ပစ္စည်းများ စာရင်းမှာ မြေပဲဆံအား ထည့်သွင်းထားခဲ့ရာကနေ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၉-၈-၂၀၁၁ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၁၁) ဖြင့်  ပြည်ပသို့တင်ပို့ခွင့် ခွင့်ပြုပေးခဲ့ပါတယ်။    ဒီလိုမြေပဲဆံကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပေးခဲ့တဲ့နောက်ပိုင်း မူဆယ်နယ်စပ်မှတစ်ဆင့်  တရုတ်နိုင်ငံသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လအလိုက်တင်ပို့မှုများကြည့်ပါက ဇန်နဝါရီလမှာ ၁၀၀ တန်၊ ဖေဖော်ဝါရီလမှာ ၃၀၉၇ ဒသမ ၇၉၄ တန်၊ မတ်လမှာ ၇၈၉၃ ဒသမ ၁၈၈ တန်၊ ဧပြီလမှာ ၆၁၃၄ ဒသမ ၈၅၀ တန်၊ မေ ၂၉ ရက်အထိမှာ ၁၁၉၆၃ ဒသမ ၁၈၃ တန် အသီးသီး တင်ပို့နိုင်ခဲ့တာ တွေ့ရှိရပါတယ်။  လအလိုက်တင်ပို့မှုများကိုကြည့်လျှင် သြင်္ကန်ကာလဖြစ်တဲ့ ဧပြီလတစ်လ သာ တင်ပို့မှု အနည်းငယ်လျော့ကျခဲ့ပြီး ကျန်လများမှာတော့ လစဉ်တိုး တက်တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မေ ၂၉ ရက် လက်ရှိမြေပဲဆန်ပေါက်ဈေးများအနေနဲ့ကတော့ မန္တလေးမှာ တစ်တန် ကို ၁၁၉၄၂၀၀ - ၁၂၅၅၄၀၀ ကျပ်၊ တရုတ်နိုင်ငံရွှေလီမှာတော့ တစ်တန် ကို ၁၀၃၀၀-၁၀၇၀၀ ယွမ်ဈေးရှိနေပြီးတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန် FOB  ပေါက်ဈေးအနေနဲ့ကတော့ တစ်ကီလိုကို ၁ ဒသမ ၄၅ ဒေါ်လာဈေးရှိပါတယ်။ နိုင်ငံတော်မှလည်း ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အားပေးတဲ့ အနေနဲ့ ပို့ကုန်ခွန်များအား လျှော့ပေါ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိဘက်မှတင်ပို့သလောက် တရုတ်နိုင်ငံမှဝယ်ယူအားရှိနေတဲ့ မြေပဲဆံ များအား လာမည့်နှစ်များမှာ ယခုထက် ပိုမိုတင်ပို့နိုင်ရေးနဲ့ တောင်သူများ ဝင်ငွေတိုးတက်စေရေးအတွက် တရုတ်နိုင်ငံရဲ့မြေပဲဆံဈေးကွက် အခြေ အနေအား တင်ပြလိုက်ရပါတယ်။                          လဲ့လဲ့ခိုင်