ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ယခင်နှစ်များက ရေထွက်ကုန်ငါးရှဉ့်ဝယ်လိုအား နည်းပါးခဲ့သော်လည်း ယခုအခါ ရောင်းလိုအားရော ဝယ်လိုအားပါများလာတဲ့အတွက် ငါးရှဉ့်အပြင် ကဏန်းများပါ တင်ပို့လာနိုင်ပြီဖြစ်ပါတယ်။ ဧပြီလမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ငါးရှဉ့် ၈၂ တန်ခန့်၊ မေ ၂၇ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၉၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ကဏန်း ၄ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်က ကုမ္ပဏီတစ်ခုတည်းက တင်ပို့နေရာမှ ယခုအခါ စုံစမ်းမေးမြန်းမှုများ များပြားလာပြီး နောင်အနာဂတ်မှာ ကုမ္ပဏီများ အပြိုင်အဆိုင်ဆောင်ရွက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ ချင်းရွှေဟော်မှ ၂၀၁၂ ခုနှစ် ပထမ ၅ လတာ (ဇန်နဝါရီမှ မေလထိ) နှင့် ယမန်နှစ်ကာလတူ ရေထွက်ကုန်တင်ပို့နိုင်မှုများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ်- ရေတွက်ပုံ-တန် တန်ဖိုး-ကန်ဒေါ်လာသန်း ၂၀၁၂ ၂၀၁၁ ငါးရှဉ့် ကဂဏန်း ငါးရှဉ့် ကဂဏန်း တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး တန်ချိန် တန်ဖိုး ဇန် 67.2 0.368 - - - - 74.56 0.245 ဖေ 85.44 0.470 1.45 0.05 - - 27.29 0.142 မတ် 194.88 1.066 6.43 0.022 - - 6.07 0.026 ဧပြီ 68.08 0.303 - - - - - - မေ ၂၆ ထိ 93.12 0.374 3.55 0.007 - - - -
Background