Main menu

Background

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကျင်းပ

Thu, 06/07/2012 - 07:06 -- Anonymous (not verified)

      နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်၌  ကုန်သွယ် မှုမြှင့်တင်ရေးအစည်းအဝေးအား မေ ၃၀ ရက် ၁၃း၀၀ အချိန်တွင် ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြဝတီနယ်စပ်ကုန် သွယ်ရေးဇုန် ညွှန်ကြားရေးမှူး၊ OSS   ဌာနဆိုင်ရာ အရာထမ်းများ၊ မိတ်ဖက် ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်း ရှင်များ စုစုပေါင်း ၅၆ ဦး တက်ရောက် ခဲ့ပါတယ်။အစည်းအဝေးတွင် ခရိုင်အုပ်ချုပ် ရေးမှူးမှ  ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှုပမာဏ တိုးတက် ရေးအတွက်   ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှသာ လုပ်ငန်းများဆောင် ရွက်ကြရန်နဲ့ ကုန်သွယ်မှုပမာဏ တိုး တက်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက် ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်၊ ညွှန်ကြား ရေးမှူးမှ ယခင်ဧပြီလက ကုန်သွယ်မှု ပမာဏလျာထားချက်အပေါ် ၃၃ ရာ ခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့သော် လည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်း ညွှန်ကြပ်မတ်မှု၊ OSS   ဌာနဆိုင်ရာများ၊ မိတ်ဖက်ဌာန ဆိုင်ရာများနဲ့ ကုန်သည် လုပ်ငန်းရှင်များရဲ့  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် မေ ၁ ရက်မှ ၂၉ ရက်အထိ ကုန်သွယ်မှုပမာဏလျာထား ချက်အပေါ် ၆၃ ဒသမ ၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နောက်လ များမှာလည်း  လျာထားချက်   ပြည့်မီ ကျော်လွန်အောင်  ယခုလိုဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် အထူးပင် တိုက်တွန်းအပ် ပါကြောင်း ပြောကြားခဲ့ ပါတယ်။ တက်ရောက်လာတဲ့  ကုန်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ ကုန် သွယ်မှုနဲ့  ပက်သတ်တဲ့ အခက်အခဲ အတားအဆီးများ အား လျော့နည်းပ ပျောက်ရေး အပြန်အလှန် ဆွေးနွေး ခဲ့ပါတယ်။ဝင်းနိုင်