မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၃၇ သန်းတန်ဖိုးရှိ ဆန်၁၄၇၇ တန် ကျော်ကို လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ တာချီလိတ်နယ်စပ်များမှသာ အပို့ရှိခဲ့ပြီး မူဆယ်မှယခုအပတ် ဆန်တင်ပို့မှုမရှိဘဲ ဆန်ကွဲ ၁၆၂ တန်ခန့်သာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၀၄၃၅ တန်အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၈၉၅၈ တန် ဝန်းကျင်အပို့လျော့ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှာတော့ မိုင်းကောင်းဒေသထွက် ကောက်ညှင်းစပါးတင်ပို့မှုရှိတယ်လို့သိရပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ ကောက်ညှင်းစပါး တန် ၅၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဧပြီလ နောက်ဆုံးပတ်ကမှစပြီး မိုင်းကောင်းမြို့နယ်ထွက် ကောက်ညှင်းစပါးများကိုတင်ပို့ခဲ့ခြင်းဖြစ်ရာ မေလကုန်ထိ တာချီလိတ်မှ ကောက်ညှင်းစပါးတန် ၂၀၀၀ တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ မေလကုန်ထိနယ်စပ်မှ ဆန်တန်ချိန် ၃၅၇၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ MIRT(DOBT)
Background