မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ တမူး နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တောင်လုံးကျော် ၃ တန်ခွဲ၊ ဆောင်းမေးခါး ၁ တန်နဲ့ ဟင်ရိုင်းဖြူ သုည ဒသမ ၁၅ တန် ကိုတင်သွင်းနိုင်ခဲ့ ပါတယ်။ယခင်အပတ်ကတောင်လုံးကျော်တစ်မျိုးသာ အသွင်း ရှိခဲ့တာမို့ ယခုအပတ်မှာ တမူးမှ ပရဆေးတင်သွင်းမှုပိုမိုခဲ့ပါ တယ်။ ချင်းရွှေဟော်နယ်စပ်မှလည်း ယခုအပတ်မှာ ပရဆေး ကုန်ကြမ်းအပို့ရှိတာ တွေ့ရပါတယ်။ ၎င်းပရဆေးကုန်ကြမ်း တင်ပို့မှုကတော့ ကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်းတန်ဖိုးရှိ ဒရင်ကောက်မြစ် ၂၅ တန်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေထဲမှာ နနွင်းခေါင်း၊ တောချင်း၊ မျောက်ဥခြောက်၊ ဆေးမြင်းခွာတို့ ယခင် အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ ချဉ်ပေါင် ဖာလာအခွံမပါ၊ ချင်းခြောက်နဲ့စမုံနက်များကို ယခင်အပတ်ကအပို့မရှိခဲ့ပေမယ့် ယခုအပတ်မှာအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မိကျောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ ဆီးဆံ၊ စကားပန်းပွင့်ခြောက်၊ ဂုံညှင်းလုံး၊ ဒရင်ကောက်မြစ်နဲ့ မာလာဥအပို့လျော့ခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ ပရဆေးကုန်ကြမ်းတင်ပို့မှု မှာ ၉၅၈ တန်ခန့်သာရှိပြီး ယခင်အပတ်ကထက် တန် ၉၈၀ ခန့် တင်ပို့မှု လျော့နည်းခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
Background