၂၀၁၂ ခုနှစ် မေ ၃၀ ၀၆း၀၀အချိန်မှ ၁၂း၀၀ အချိန်အတွင်း မြဝတီ ကုန်သွယ်ရေးဇုန်၊ သွင်းကုန်ယာဉ်ငယ် စစ်ဆေးရေးစခန်းသို့ဝင်ရောက် အစစ် ဆေးခံသော Hilux ယာဉ်အမှတ် ၄ခ/ထထထထ၊ ယာဉ်မောင်းxxxx ယာဉ်ပေါ်မှ xxxx ဘားအံမြို့နေမှ သယ်ဆောင်လာသော ကြက်အသေ အလေးချိန် ၁၈၀ ကီလိုခန့်အားလည်းကောင်း၊Hilux ယာဉ်အမှတ် ဒ/xxxx ယာဉ်မောင်း xxxx မြဝတီမြို့နေ ယာဉ်ပေါ်မှ သယ်ဆောင်လာသော ကြက်အသေအလေးချိန် ၁၂၀ ကီလိုခန့်နဲ့ ထိုင်းပုစွန်ဖြူ ၁၈ ပိဿာခန့်အား လည်းကောင်း၊Hilux ယာဉ်အမှတ် ၁ခ/xxxx ယာဉ်မောင်း xxxx မြဝတီမြို့နေ ယာဉ်ပေါ်မှ သယ် ဆောင်လာသော ဘဲဥ ၈ ကတ်၊ ၁၂၀၀ လုံးခန့်၊ ကြက်ဥ ၉ ကတ် ၁၃၅၀ လုံးခန့်အား လည်းကောင်း၊ သုံးဘီးဆိုင်ကယ်အမှတ် ဟ/xxxx ယာဉ်မောင်းပစ္စည်း ပိုင်ရှင် xxxx မြဝတီမြို့ နေမှသယ်ဆောင်လာသော ကြက်အသေအလေးချိန် ၈၀ ကီလိုခန့်နဲ့ ထိုင်းပုစွန်ဖြူ ၆ ပိဿာခန့်အား ရဲအုပ်အေးလွင်ဦးစီးသောပူးပေါင်းအဖွဲ့ (OSS၊ အကခ၊ လဝက) မှ ရှာဖွေသိမ်းဆည်းရမိခဲ့၍ သင်္ဃန်းညီနောင်ရဲစခန်းမှူးနဲ့ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာခိုင်စိုးဝင်းတို့ထံ စနစ်တကျ အပ်နှံခဲ့တယ်လို့ သတင်းရရှိ ပါတယ်။ ဝင်းနိုင်
Background