မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းတန်ဖိုးရှိ အေးခဲ အမဲသား ၃၇၁ တန်ကျော်နဲ့ချင်းရွှေဟော်မှကန်ဒေါ်လာ သုည ဒသမ ၄၇၅ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၁၂၅ တန်ကို မေလ ၂၃ ရက်မှ ၂၅ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၆၉ တန်ခန့်နဲ့ ချင်း ရွှေဟော်မှ ၁၂၆ တန် တင်ပို့ခဲ့တာမို့ အပို့ပုံမှန်ရှိနေတယ်လို့ ပြောရမှာဖြစ်ပါ တယ်။ ယခုအပတ်မှာ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၁၉ သန်းတန်ဖိုးရှိ နွားဘေးထွက် ၂၂ တန်လည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်မှမေလမှာ အေးခဲအမဲသား ၁၉၅၅ တန်ခန့်၊ ကျွဲနွားသားရေ တန် ၂၉၀ ခန့်၊ နွားကြော ၅ တန်ကျော်၊ အမဲပြုတ်သား ၃၈ တန်ကျော်နဲ့ နွားဘေးထွက် ၅၂ တန်ကျော် တင်ပု့ိ ထားပြီး ဖြစ်ပါတယ်။MIRT(DOBT)
Background