မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ် တဲ့ မြဝတီမှ ရေထွက်ကုန် ၁၃၅ တန်ကျော်နဲ့ မြိတ် နယ်စပ် ၂၃၂၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် မြဝတီမှ တန် ၉၀ ကျော်၊ မြိတ်နယ်စပ်မှ ၃၅၆ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကတော့ ၅၉၄ တန်ခန့်သာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၃၄၈ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်တစ်ခုချင်းအလိုက် တင်ပို့မှုတွေကတော့ မြဝတီမှ ငါးမျိုးစုံ ၁၀၇ တန်ကျော်၊ ပုစွန် ၆ တန်ကျော်နဲ့ ကဏန်း ၂၂ တန်ခန့်ကို တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၉၅ သန်းဖိုး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၉၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၅၉၀ ခန့်နဲ့ ကင်းမွန် ၄ တန်ခွဲ၊ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၉၉၈ သန်းတန်ဖိုးရှိတဲ့ ငါးမျိုးစုံ ၁၄၈၇ တန်ခန့်၊ ရေငန်ပုစွန် ၁၉ တန်ကျော်၊ ကင်းမွန်ပြုတ် ၁၀ တန်ကျော်၊ ငါးနီအသားလွှာ ၆ တန်ကျော်၊ အေးခဲကင်းမွန် ၁၁၇ တန်ခန့်၊ ကင်းမွန်အသားလွှာ ၁၄ တန်ကျော်၊ ကင်းမွန်ကောင်လုံးသန့် ၈ တန်ကျော်၊ ကင်းမွန်ခေါင်း ၄ တန်ခန့်၊ ပုစွန်ခြောက် ၁ တန်ခွဲနဲ့ ငါးမှုန့် တန် ၄၀၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ ထိုင်းနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၆၈၇ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၀၅၂ ဒသမ ၄၂၉ တန်ကို တင်ပို့နိုင်ခဲ့ရာ ယခင်အပတ် ကထက် ၉၈ တန်ကျော် ပိုမိုခဲ့ပါတယ်။ မေလမှာ ထိုင်းနယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁၁ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန် ၁၁၇၈၅ တန်ကျော်ကို တင်ပို့နိုင် ခဲ့ပြီး ဧပြီလနဲ့ နှိုင်းယှဉ်လျှင် တန်ချိန် ၂၁၀၀ နီးပါး လျော့နည်းတင်ပို့ခဲ့ပါတယ်။ MIRT(DOBT)
Background