Main menu

Background

ယခုအပတ်နယ်စပ်မှ ပြောင်းအပို့လျော့

Thu, 06/07/2012 - 07:26 -- Anonymous (not verified)

    မေ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၆၄၉ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တ င်ပို့နိုင်မှု တွေကတော့ မူဆယ်မှ ၄၈၃၄ တန်ကျော်၊ လွယ်ဂျယ်မှ ၁၂၅ တန်နဲ့ ချင်းရွှေဟော်မှ ၁၆၈၉ တန်ကျော်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် စခန်းသုံးခုလုံးမှ အပို့လျော့ခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၇၉၅၇၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ဧပြီလထက်တန်ချိန် ၆၂၇၀၀ ခန့် အပို့ ပိုခဲ့ပါတယ်။ ဧပြီနဲ့ မေနှစ်လမှ ပြောင်းဖူးစေ့တန်ချိန် ၉၆၄၅၀၀ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ တရုတ်နယ်စပ် ရွှေလီနဲ့ မိမိဘက်မူဆယ်တို့မှာ မြေပြင် ပြောင်းဈေး အနည်းငယ်မြင့်တက်လျက် ရှိပါတယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                    မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု        ယခင်      ပြောင်းလဲမှု    %    ယခု       ယခင်    ပြောင်းလဲမှု    %    ၂၈၁၇၉၄    ၂၇၃၀၄၂       ၈၇၅၂       ၃       ၃၃၉     ၃၃၁            ၈           ၂MIRT (DOBT)